ရန်ကုန်၊ သြဂုတ် ၂၅
ရန်ကုန်တွင် လူငယ်များသမဂ္ဂ-ဗဟို (Youths Union Centre) နှင့် Labour Alliance အဖွဲ့ဝင် CTUM တို့မှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၅ ရက်နေ့တွင် ၅/ ၊ ၈/ ၊ ၉/ ပါ တီရှပ်များ ဝတ်ဆင်ကာ ဖိနှိပ်ခံနေရသော ၅/ ၊ ၈/ ၊ ၉/ ကိုင်ဆောင်ထာသည့် အလုပ်သမားထု၊ ပြည်သူလူထုနှင့် အတူ ရပ်တည်ကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။
အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ လက်ပါးစေ လုပ်ငန်းရှင်တို့သည် ပြည်ထောင်စုဖွား တိုင်းရင်းသား များဖြစ်ကြသည့် စစ်ကိုင်းတိုင်း (၅/ ) ၊ မကွေးတိုင်း (၈/) ၊ မန္တလေးတိုင်း (၉/) တို့မှ ရွှေ့ပြောင်း လုပ်သားတို့အား ဖိနှိပ် မှုများ ဖြစ်ပွားလျက်ရှိပြီး ယနေ့ တွင် ၅/ ၊ ၈/ ကိုင်ဆောင်သူ လုပ်သားများအား ခြိမ်းခြောက်အလုပ်ထုတ်လျှက်ရှိကြောင်းသိရသည်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ တရုတ် နိုင်ငံသားပိုင် နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်သော စက်ရုံအရှေ့တွင် (၅/) (၈/) (၉/) ပါ တီရှပ်များဝတ်ဆင်လျှက် သပိတ်မှောက်ကာ ထိုဖိနှိပ်ခံ လုပ်သားများနှင့်အတူ ရပ်တည်လျှက်ရှိကြောင်း ထုတ်ဖော် ပြသခဲ့ကြသည်။