ရန်ကုန်၊ ဩဂုတ် ၂၅
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ၁ ရပ်ကွက် ဗဟိုလမ်းရှိ TT Diamond စိန်ဆိုင်ကို ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် လူ ၂ ဦးက ဝင်ရောက် ဓားပြတိုက်သွားကြောင်း သိရှိရသည်။
“အခုတော့စခရခတွေရောက်လာပြီး လမ်းတွေပိတ်ထားတယ်။ လှည်းတန်းမှလာသမျှကားအကုန်လုံးကိုမ ဖြတ် ခိုင်းတော့ဘူး။ စစ်နေကြပါတယ်။ ဖြစ်တာက ၁ နာရီခွဲလောက်ကဖြစ်တာပါ။ ဘာတွေ ပါသွားလဲတော့မသိသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဒေသခံတချို့ကမူ စိန်ဆွဲကြိုး တစ်ခုနှင့် ဘယက်တစ်ခု အလုယက်ခံရသည်ဟု သိရှိထားပြီး ဓားပြတိုက်သူများသည် ဗဟိုလမ်းပတ်ဝန်းကျင်တွင် လှည့်ကင်းများရှိနေချိန်တွင်ပင် ဝင်ရောက်တိုက်ခြင်းဖြစ်၍ သံသယဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။
“လှည်းတန်းနဲ့ ဗဟိုလမ်းမှာလေ အမြဲတမ်း ခွေးကားတွေ ဖြတ်နေတာ။ အဲဒီဓားပြတိုက်တဲ့နေရာကလည်း ခွေးကားတွေ ရှိနေတဲ့ နေရာနဲ့ မလှမ်းမကမ်း။ မကြာခဏ ခွေးတွေ ကင်းလှည့်နေတာ။ ဇတ်လမ်းဆင်ပြီး PDF က လုပ်လို့ ဖမ်းမိ သလိုလို လုပ်ဦးမယ်ထင်တယ်။ ဒီနေရာကြီး ဘယ်လိုမှ ဓားပြတိုက်ဖို့ မဖြစ်နိုင်ဘူး။ လူအရမ်းစည်တယ်။ ကားအရမ်းများတယ်။ ဘယ်လိုမှ မလွတ်နိုင်တဲ့နေရာ။ အတိုက်ခံရတဲ့ iGreen တိုက်အအဆောက်အုံ မှာလည်း CCTV တပ်ထားတာ အပြင် သာမန်လူတောင် မြင်နေရတာကို ” ဟု ဒေသခံတစ်ဦးက ပြော ဆိုသည်။