20 C
Yangon

Breaking News- ကျွန်းလှမြို့နယ်၊ ဆိပ်ဖူး၊ ရှမ်းကုန်း၊ သိုက်ပင်ဆိပ်၊ နောင်ဦး၊ တည်ပင်ဆိပ် ကျေးရွာများကို စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေပြီး စစ်အင်အား ၁၅၀ ချထား၊ ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၅

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ဆိပ်ဖူး၊ ရှမ်းကုန်း၊ သိုက်ပင်ဆိပ်၊ နောင်ဦး၊ တည်ပင်ဆိပ် ကျေးရွာများကို စစ်တပ်က ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

ကျွန်းလှမြို့နယ်အတွင်းသို့ စစ်တပ်က ယမန်နေ့ ညပိုင်းမှစတင်၍ စစ်အင်အား ၁၅၀ ကို ရဟတ်ယာဉ်များဖြင့် ချထားပြီး ယနေ့ ညနေပိုင်းတွင် ဆိပ်ဖူး၊ ရှမ်းကုန်း၊ သိုက်ပင်ဆိပ် ၊နောင်ဦး တည်ပင်ဆိပ်တို့ကို ရဟတ်ယာဉ် ၃ စင်းဖြင့် ရွာစဉ် အလိုက် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွာအစဉ်လိုက်ကို ပစ်လာတာ။ ရဟတ်ယာဉ်နဲ့။ ကြာအင်းကျေးရွာဝန်းကျင်မှာ ပစ်ခတ်တာ ပြီးဆုံးသွားတယ်။ မနေ့ညနေက စစ်အင်အား ၁၅၀ ကို ရဟတ် ယာဉ်နဲ့ ဆားတွင်းချောင်းနားမှာ Mi17 နဲ့ ၇ ခေါက် ချသွားတယ်။ အခုထပ်မံပြီး တည်ပင်ဆိပ်ရွာကို ရဟတ်ယာဉ်တွေနဲ့ ထပ်ပစ်တယ်။ ရွာကလူတွေ အကုန် ရှောင်နေရပါတယ်။ အခု ညနေ ၄ နာရီအချိန်အထိ ပစ်နေတာ။ ကျွန်းလှက အရေးပေါ် အခြေအနေပါ” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကိုင်းတိုင်း အစွန်အဖျားနေရာတွင် လက်နက်ကိုင် တော်လှန်နေသူများရှိနေကြောင်း စစ်ကောင်စီအစည်း အဝေးတွင် ထုတ်ဖော်ပြောဆိုပြီးနောက် ဩဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်းမှ စတင်၍ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းတို့တွင် စစ်အင်အားများ အများအပြားပြောင်းရွှေ့ နေရာယူလာခြင်းဖြစ် ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်းက ပစ်ခတ်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article