ရန်ကုန်၊ သြဂုတ် ၂၅
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၌ ယနေ့ သြဂုတ် လ ၂၅ ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများမှ “ ရဲဘော်ညီမင်းသူစိတ်ဓာတ် ကိုင်စွဲတိုက်ပွဲ၀င်ကြ ” စာသားပါ ဘန်နာအား ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၊ မင်္ဂလာဒုံမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗသကများအဖွဲ့ချုပ်)၊ အထက (၁) လသာ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၊ ထဝယ်မြို့နယ်ကျောင်းသားများသမဂ္ဂ(ထဝအကသ) ၊ Burmese Youth Revolutionary Force-BYRF တို့မှ ပူးပေါင်းဦးဆောင်၍ အခြေခံပညာကျောင်းသားများသမဂ္ဂ – အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌဟောင်းဖြစ်သူ ရဲဘော် ညီမင်းသူ ကျဆုံးခြင်း ၆ လပြည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။