26.3 C
Yangon

မြိုင်မြို့နယ်တွင် အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး အရပ်ဝတ်ဖြင့် ဖမ်းဆီးရမိစဉ် ထွက်ပြေး၍ ပစ်ခတ်ရာမှ သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၅

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ် ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦးသည် အရပ်ဝတ်ဖြင့် ဝင်ရောက်လာ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းစဉ် တိုက်ခိုက်ပြီး ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရှိရသည်။

“ဆိုင်ကယ်နဲ့ဝင်လာတာ။ ခုခံတိုက်ခိုက်လို့ ပစ်ခတ်တာ သေဆုံးသွားပါတယ်” ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။

သေဆုံးသွားသော တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး၏ ဇနီးဖြစ်သူမှာ နည်းပညာတက္ကသိုလ်တစ်ခု၏ EP ဌာနမှ တွဲဖက်ပါမောက္ခတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် မြိုင်-ပခုက္ကူလမ်းပိုင်းတွင် စစ် ဆေးရေးများပြုလုပ်နေစဉ် အဆိုပါ ဒုဗိုလ်မှုးကြီးကို တွေ့ရှိ၍ စစ်ဆေးမေးမြန်းရာ ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို ပြန်လည်တိုက်ခိုက်ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံးခြင်းဖြစ်ကြောင်း၊ အခြေအနေ အကြောင်း ကြောင်း ကြောင့် ဖြစ်ပွားရာ အချိန်များနှင့် တချို့အချက်အလက်များကို ဖော်ပြခြင်းမပြုတော့ဖြစ်ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article