27 C
Yangon

လက်ပံတောင်းတောင်စီမံကိန်းမှ ကြေးနီ သယ်ကားများကို လုံခြုံရေးယူပေးရန်နှင့် မိုင်းရှင်းရန် ထွက်လာသည့် ရဲ ၈ ဦး မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် လက်ပံတောင်းတောင်စီမံကိန်းမှ ကြေး နီသယ်ကားများကို လုံခြုံရေးယူပေးရန် ထွက်လာသည့် ရဲ ၈ ဦးကို ယနေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း ကြေးနီသယ်မည့် ကားများကိုလုံခြုံရေးယူပေးရန်နှင့် မိုင်းရှင်းလင်းရန် တပ်ကျိုးကုန်းနှင့် ရဲတပ် ရင်း၂၈ မှထွက်လာသော ရဲ ၈ ဦးကို ပုသိမ်-မုံရွာလမ်း မြောက်ယမားတံတားနှင့် ရဲတပ်ရင်း ၂၈ အကြား မိုင်း ကွင်းထဲဝင်ကာ မိုင်းများကိုဖြုတ်ရန် ပြင်ဆင်နေစဉ် Regional Friends Fighters (RFF) နှင့် Yinmarbin Fighter Brotherhood Guerrilla Arm တို့က မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၃ ဦး နေရာတွင်ပင် သေဆုံးကြောင်း၊ ကျန် ၅ ဦးဒဏ်ရာရရှိကြောင်း Regional Friend Fighters(RFF)ထံမှ သိရှိရသည်။

ဓာတ်ပုံ- လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ ကြေးပြားများ သယ်ယူနေသော ကားများ။(ပုံအဟောင်းဖြစ်ပါသည်)

Photo- အလောင်းတော်ကဿပနယ်မြေသတင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article