By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ်၂၆ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာတွေလူမျိုးတုံးသတ်ဖြတ်မှု ငါးနှစ်ပြည့် အထိမ်းအမှတ်မှာ အရပ်ဘက်လူထုအဖွဲ့အစည်း ၃၈၄ ဖွဲ့က တရားမျှတမှု ရရှိစေရေး ကမ္ဘာက ဆောင်ရွက်ပေးရန်နဲ့ ကျူးလွန်သူ မြန်မာစစ်တပ်ကို အရေးယူရန် တောင်းဆိုလိုက်ကြပါတယ်။ – မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး အရပ်ဝတ်နဲ့ ဝင်ရောက်လာလို့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းနေချိန် တိုက်ခိုက်ပြီး ထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရာကနေ သေ သွားတယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်သား သူရိန်ကို လက်နက်နဲ့အတူ မနေ့ကအရှင် ဖမ်းဆီးရမိတယ်လို့ ခင်ဦး Dynamite Squad က တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ – ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် အင်အား ၂၀ ဦးခန့် တပ်စွဲထားတဲ့ မီးသတ်ရုံးနဲ့ လုံခြုံရေးဘန်ကာကို သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၄ နာရီလောက်မှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။