By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ်၂၆ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – မြန့်မာ့စီးပွားရေးဈေးကွက်မှာ စစ်ကောင်စီကြောင့် မြန်မာကျပ်ငွေ တန်ဖိုး အနိမ့်ဆုံးထိ ထိုးကျနေ တဲ့အတွက် မြန်မာကျပ်ငွေကို ကိုင်မထားသင့်ဘူးလို့ လုပ်ငန်းရှင်တွေက ပြောနေကြပါတယ်။ – အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ၊ စက်မှုဝန်ကြီးဌာန၊ အမှတ် ၅ အထည် စက်ရုံမှာ ဒီကနေ့ ဩဂုတ်လ ၂၆ ရက်နေ့ မနက် ၆ နာရီခွဲလောက် ပစ်ခတ်မှုဖြစ်ပွားပြီး ၊ နံနက် ၆ နာရီခွဲတွင် စက်ရုံမှူး ဖြစ်တဲ့ ဗိုလ်မှူး-အောင်ဇော်ဦး နဲ့ လင်မယား ပွဲချင်းပြီး သေသွားတယ်လို့ ဒေသသတင်းရင်းမြစ် နဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။ -မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံရတဲ့အချိန် ခုခံတိုက်ခိုက်တဲ့ အတွက် ပစ်ခတ်ခံရပြီး သေသွားတဲ့ စစ်အရာရှိဟာ ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင်တွင် ဇနီးဖြစ်သူ နည်းပညာတက္ကသိုလ် ကျောင်းဆရာမ Jလုမိုင် နဲ့ သားသမီး ၃ ဦး ကျန်ရစ်ခဲ့တယ်လို့ ရန်ကုန်ခေတ်သစ်ကနေ စုံစမ်းသိရှိရပါတယ်။ – မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက မင်းရွာကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ဩဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေကနေ လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့သတင်း အပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။