25 C
Yangon

တစ်ဒေါ်လာ ကျပ် ၃၃၀၀ ကျပ်နီးပါးနှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၉ သိန်းနီးပါး မြင့်တက်ချိန် ရွှေကုန်သည်နှင့် လုပ်ငန်းရှင်များ ကို နေပြည်တော်သို့ စစ်တပ်က ခေါ်ယူပြီး ရွှေနှင့်ဒေါ်လာစျေးကျဆင်းရေး ဖိအားပေးမည်

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၉ သိန်းနီးပါး စျေးနှုန်းများမြင့်တက် လာချိန်တွင် စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှ ရွှေကုန်သည်များ၊ ရွှေသန့်စင်ရေးလုပ်ငန်းများနှင့် ရွှေလှော်ဖိုများကို နေပြည်တော်သို့ ဩဂုတ်လ ၂၇ ရက်နေ့ လာရောက်ရန် ခေါ်ယူထားကြောင်း‌ ရွှေကုန်သည်များထံမှ သိရှိရသည်။

စစ်ကောင်စီ၏ ရွှေနှင့်ငွေကြေးစျေးကွက်ထိန်းသိမ်းရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ရန်နောင်စိုးက ရန်ကုန်၊ မန္တလေးနှင့်မော်လမြိုင်မှ ရွှေကုန်သည်များ၊ ရွှေသန့်စင်ရေးလုပ်ငန်းများနှင့် ရွှေလှော်ဖိုလုပ်ငန်း ပိုင်ရှင်များကို နေပြည်တော်သို့ ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ မပျက်မကွက် အစည်းအဝေး လာတက်ကြရန် ခေါ်ယူထားခြင်းဖြစ်သည်။

ထိုသို့ ခေါ်ယူရာတွင် စသုံးလုံး ညွှန်ကြားရေးမှူး စိုးနောင်ဦး၊ ထွေ/အုပ်ညွှန်ကြားရေးမှူး သန်းထွဋ်ဦး အပါအဝင် အခြား ဌာနဆိုင်ရာ အရာရှိ ၆ ဦးကိုလည်း ခေါ်ယူထားသည်ဟု သိရှိသည်။

“ရွှေစျေးတက်ရင် အဲဒီလိုခေါ်တယ်။ ဘာလို့ တက်လဲ။ လေပတ်ကားမလုပ်နဲ့ ။ အရေးယူမယ် စ သည်ဖြင့် ခေါ်ပြီး ဖိအားပေးမယ်။ ရွှေစျေးက နည်းနည်းတော့ တန့်သွားမှာပေါ့။ အဲဒါ လုပ်ရိုးလုပ်စဉ်ပဲ။ တကယ် တော့စျေးကွက်ဆိုတာ Supply နဲ့ Demand အရပဲ သွားတာ။ အခု ရွှေစျေးတက်တာကလည်း ဒေါ်လာစျေးတက်လို့ လိုက်တက်တာ။ ဒေါ်လာ ပြတ်လပ်နေတယ်” ဟု ရွှေကုန်သည်တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းရွှေအသင်းမှ အသင်းဝင် တစ်ဦးကမူ “အကယ်ဒမီ တို့လိုရွှေချွတ်ခန်းတွေ ခေါ်ပြီး ထုံးစံအတိုင်း လိုအပ်သည်များ မှာစားသွားမှာပါ။ စျေးမတက်အောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ပေါ့၊ အကြောင်းကြီးကြီးမားမားတော့မရှိဘူးထင်တာပဲ။ အဲဒီကအပြန် စားသောက်ဆိုင် သွားဖို့ပါ ချိန်းထားကြတယ်” ဟု ပြောဆိုသည်။

ရွှေစျေးနှင့် ငွေစျေးနှုန်းများသည် ကုန်သည်များ လေပတ်ကားစျေးကစားမှုကြောင့် ဖြစ်သည်ဟု ဗိုလ်မှူးချုပ် ရန်နောင်စိုးနှင့် စီးပွား/ကူသန်းဒုဝန်ကြီး ညွန့်အောင် မကြာခဏဆိုသလို စွပ်စွဲပြောဆိုပြီး အရေးယူမည်ဟု ခြိမ်းခြောက် လေ့ရှိသည်။

ဩဂုတ်လ ၂၆ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ၃၁၅၀ ကျပ်နှင့် ၃၃၀၀ ကျပ်အကြား၊ အကယ် ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၂,၈၇၀,၀၀၀ ကျပ် ( ၂၈ သိန်း ၇ သောင်း ကျပ်) စျေးပေါက်ခဲ့ကြောင်း၊ စျေးကွက်တွင် ဝယ်လိုအားက များပြားလျက်ရှိကြောင်း သိရှိရသည်။

ပြည်တွင်း စီးပွားရေးသမားအများစုက မြန်မာကျပ်ငွေ တန်ဖိုးမဲ့နေသဖြင့် ကျပ်ငွေကို လက်ထဲတွင် မထားကြတော့ဘဲ ရွှေ၊ ငွေ ၊ ကားနှင့်အိမ်ခြံမြေစျေးကွက်များတွင် ရင်းနှီးမြှုပ်နှံနေကြကြောင်း၊ များမကြာမီ အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၄၀၀၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သား ၂၉ သိန်းခွဲ ရက်ပိုင်းအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း စျေးကွက်ကျွမ်းကျင်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ ရွှေနှင့်ငွေကြေးစျေးကွက်ထိန်းသိမ်းရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ရန်နောင်စိုး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article