25 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ်၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ်၂၇ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ပြည်တွင်းစျေးကွက်မှာ ဩဂုတ်လ ၂၇ ရက်နေ့ဖြစ်တဲ့ ဒီကနေ့ ရွှေစျေးကွက် နဲ့ ဒေါ်လာစျေး ကွက် အတွင်းစျေးနှုန်းတွေ ထပ်မံ မြင့်တက်ပြီး အမေရိကန်တစ်ဒေါ်လာကို ၃၂၀၀ကျပ်နဲ့ ၃၄၀၀ ကျပ်ကြား ၊ အခေါက် ရွှေ တစ်ကျပ်သားကို ၂၉ သိန်း ၁ သောင်းအထိ စျေးထပ်မံ မြင့်တက်သွားတယ်လို့ သိရပါတယ်။ – ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ မင်းကြီး- ကျေးရွာမှာ ဒီကနေ့ ဩဂုတ်လ ၂၇ ရက်နေ့ မနက် ၉ နာရီလောက်က အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး ၊ အဖွားအို တစ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ – တနင်္သာရီတိုင်း ၊ မြိတ်မြို့မှာ ဩဂုတ်လ ၂၄ ရက်နေ့ က ဆိုင်ကယ် တစ်စီးတည်းစီးပြီး အလုပ်ကနေ ပြန်လာတဲ့ လူငယ် ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က သေနတ်နဲ့ လိုက်လံ ပစ်ခတ်ခဲ့ရာမှာ လူငယ် ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ – တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်မှာ ပရဟိတသမား ကိုထွန်းထွန်း ဆိုသူကို အကြမ်းဖက် စစ်ကောင်စီ တပ်က စစ်ကားတဲ့ တိုက်သတ်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article