28.8 C
Yangon

မန္တလေးတွင် မှားယွင်းအသတ်ခံရသော လင်မယား ၂ ဦးအတွက်ဟုဆိုကာ မိုက်ကယ်ကျော်မြင့်နှင့် မဘသများက ခရစ်ယာန်ဘာသာရေး လက်ဝါး ကပ်တိုင်များ ကိုင်ဆောင် ဆန္ဒပြ

Must read

မန္တလေးမှ စစ်တပ်သတင်းပေးနှင့် မဘသအမာခံ နေနီအောင် အသတ်ခံရမှု မိုက်ကယ်ကျော်မြင့်လက်ချက်ဟု စွပ်စွဲပြီး ၎င်းနှင့် မဘသအုပ်စုများ ပြဿနာတက်နေ

ရန်ကုန်၊ ဩဂုတ် ၂၇

မန္တလေးတွင် မှားယွင်းအသတ်ခံရသူ လင်မယား ၂ ဦးဖြစ်သည့် ကိုစည်သူကိုကိုနှင့် မနှင်းဝေလှိုင်အတွက်ဟုဆိုကာ အမျိုး သားရေးအစွန်းရောက် မိုက်ကယ်ကျော် မြင့်နှင့် မဘသများက ခရစ်ယာန်ဘာသာရေးအထွဋ်အမြတ် လက်ဝါး ကပ် တိုင်များ ကိုင်ဆောင်ပြီး ယနေ့ ဆန္ဒပြကြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် မန္တလေးဒေသခံတစ်ဦးမှ မပါဝင်ဘဲ ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းမှ စစ်တပ်ထောက်ခံသူများ၊ မဘသ များ၊ အမျိုးသားရေးအစွန်း ရောက်များက ခရစ်ယန်ဘာသာရေး အထွဋ်အမြတ် လက်ဝါးကပ်တိုင်များကို ကိုင်ဆောင်ကာ လမ်းလျှောက် ဆန္ဒပြကြခြင်းဖြစ်သည်။

“ကွယ်လွန်သွားတဲ့သူ ၂ ဦးကို မိုက်ကျော်မြင့်တို့က ထပ်ပြီး ဒုက္ခပေးသလိုဖြစ်နေပြီ။ ဘာတရားမျှတမှုမှလည်း လိုချင်လို့ မဟုတ်ဘူး။ စစ်တပ်သတ်လို့သေသွားတဲ့ ပြည်သူတွေထောင်ချီအတွက်ရော တရားမျှတမှုဆိုပြီး တောင်းဆိုဖူးသလား။ သူ ရဲ့ ကိုယ်ကျိုးအတွက် ငွေရဖို့ လုပ်စားဂွင်ဖန်တီးတာ” ဟု ကိုဟိဏ်းဝေယံ(တချိန်က မဘသ) က သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် မိုက်ကယ်ကျော်မြင့်သည် မန္တလေးမှ နာမည်ကျော် စစ်တပ်သတင်း ပေးနှင့် မဘသ နေနီအောင် အသတ်ခံရမှုတွင် ၎င်း၏ လက်ချက်ဟု စွပ်စွဲမှုများရှိနေပြီး မဘသအုပ်စုများနှင့် မိုက်ကယ်ကျော်မြင့်တို့အကြား ပြဿနာတက် နေသည်ဟု သိရှိရသည်။

“နေနီအောင်နဲ့ မိုက်ကယ်ကျော်မြင့် အကြွေးကိစ္စရှိရာကနေ ရှင်းလိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်တယ်။ စွပ်စွဲမှုတွေလည်းရှိတယ်။ သက်သေတွေ အသံဖိုင်တွေပါ တက်လာတာ။ အရင်ကတည်းက မိုက်ကယ်ကျော်မြင့်က အမျိုးသားရေး ကိုခုတုံးလုပ်ပြီး သူ့ရဲ့ ပါတီ နဲ့ သူ့ကိုယ်ကျိုးအတွက်ကို အသုံးချနေတာပါ။ သူက မဘသ တို့ အမျိုးသားရေးတို့ဆိုတာထက် သူ့ကိုယ်ကျိုးအတွက် အသုံးချတာပေါ့။ အခု မဘသနဲ့ အမျိုးသားရေးလောကမှာ မိုက်ကယ်ကျော်မြင့်ဟာ အန္တရာယ်ရှိတဲ့သူဆိုတာမျိုး အားလုံး သိနေကြပြီ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

စစ်တပ်သတင်းပေးနှင့် မဘသ နေနီအောင်သည် ၂၀၂၁ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ ထွန်တုံးမြို့သစ်၊ Apex ဘော်ဒါဆောင် စီးနင်းရခံမှု၏ နောက် ဆက်တွဲ မန္တလေး PDF ခေါင်းဆောင် ဗိုလ်ထွန်းတောက်နိုင် အပါအဝင် PDF များ ဖမ်း ဆီးခံရခြင်း၊ PDF ၄ ဦးနှင့် ပြည်သူ ၄ ဦး သေဆုံးစေခဲ့မှုတွင် အဓိက သတင်း ပေးခဲ့သူဖြစ်ကြောင်း၊ သတင်းပေးခဲ့မှု ကိုလည်း ၎င်း၏ အသိုင်းအ၀ိုင်းတွင် ၎င်းကိုယ်တိုင်ထုတ်ဖော် ဝန်ခံခဲ့ကြောင်း၊ ယင်းနောက်ပိုင်း အောင်ပင်လယ်ရဲစခန်းနှင့်ပူးပေါင်းကာ ပြည်သူများကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်၊ ခြိမ်းခြောက်၊ ငွေ ကြေးတောင်းခံ ပြန်လွှတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် ဘုန်းကြီးဝတ်၍ တိမ်းရှောင် နေထိုင်ခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁ ရက်နေ့တွင် မိုက်ကယ်ကျော်မြင့်နှင့်စစ်တပ်က နေနီအောင်ကို နန်းတွင် စစ်ကြောရေးသို့ ခေါ်ယူသွားခဲ့ပြီး ဩ ဂုတ်လ ၂ ရက်နေ့တွင် မန္တလေး တိုင်း အမရပူရမြို့နယ်၊ အမြန်လမ်း မိုင်တိုင် ၃၆၄ နှင့် ၄ ဖာလုံတွင် ဓားဒဏ် ရာများဖြင့် သေဆုံးနေသော နေနီအောင်နှင့်အတူ အမျိုးသားတစ်ဦး၏ အလောင်းကို‌ တွေ့ရှိရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ ဆန္ဒပြပွဲကို ဦးဆောင်နေသည့် မဘသ၊ အမျိုးသားရေး အစွန်းရောက် မိုက်ကယ်ကျော်မြင့်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article