ရန်ကုန်၊ ဩဂုတ် ၂၇
အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က သွင်းကုန်သမားများအတွက် ဒေါ်လာ ရောင်းချပေးခြင်းမရှိဘဲ အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဟု ယနေ့ညပိုင်းတွင် ထုတ်ပြန်လိုက်ပြီး လှုံ့ဆော်မှုများနှင့် ဒေါ်လာစျေး ဆွဲတင်သူများကို အ ရေး ယူမည်ဟု ခြိမ်းခြောက်ထုတ်ပြန်သည်။
“ကျနော်တို့ကို စက်သုံးဆီအတွက် ဗဟိုဘဏ်က ဒေါ်လာ လိုသလောက် မပေးဘူး။ မရောင်းပေးတာကတော့ အမှန်ပါ။ အခု အပြင်မှာ လိုက်ဝယ်ရလို့ စျေးတွေလည်း တက်လာတယ်။ အပြင်မှာဆိုတာလည်း သူတို့ သတ်မှတ်တဲ့ တစ်ဒေါ် လာ ၂၁၀၀ နဲ့တော့ ဝယ်မရဘူး။ အဆင်ပြေအောင် လုပ်ပေးမယ်ဆိုရင်ဆိုရင်တော့ တစ်ဒေါ်လာ ၁၈၅၀ နဲ့ သိမ် းထားတဲ့ ဒေါ်လာတွေ လိုသလောက် ပြန်ရောင်းပေးပါ။ သူတို့ ကြေညာချက်ကိုလည်း သေချာဖတ်။ အဆင်ပြေအောင် လုပ်ပေးမယ်လို့ပြောတာ။ လိုသလောက်ရောင်းပေးမယ်လို့ မပါဘူး။ အဆင်ပြေအောင်ဆိုတာ ဘယ်သူ အဆင်ပြေအောင်လဲ။ သူတို့အဆင်ပြေအောင် ထိန်းချုပ်ရောင်းမှာလား။ စီးပွားရေးသမားတွေ အဆင်ပြေအောင်လား ” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ပြောဆိုရင်း မေးခွန်းထုတ်သည်။
ဩဂုတ်လဆန်းပိုင်းက ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းသူများကို ဒေါ်လာကို ရာခိုင်နှုန်းဖြင့် အကန့်အသတ် ရောင်းချပေးသည့်အတွက် ပြင်ပစျေးကွက်မှ အမေရိကန် သန်း ၅၀ နီးပါး ပေါက်စျေးဖြင့် ဝယ်ယူလိုက်ရကြောင်း၊ ယခုလည်း ရုရှား စက်သုံးဆီများ ရောက်ရှိမည်ဟုဆိုကာ စက်သုံးဆီများ အပါအဝင် သွင်း ကုန်များအတွက် ဗဟိုဘဏ်က ဒေါ်လာရောင်းချမှု ခက်ခဲအောင် လုပ်ဆောင်ထားကြောင်း သိရှိရသည်။
ယနေ့တွင် အမေရိကန်တစ်ဒေါ်လာ ၃၂၀၀ မှ ၃၄၀၀ အထိ စျေးတက်ခဲ့ပြီး ည နေ ပိုင်းတွင် အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၃၁၀၀ နှင့် ၃၃၀၀ ကျပ် အကြား အနည်းငယ် စျေးပြန်အေးသွားခဲ့ကြောင်း သိရှိရသည်။
အမေရိကန်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ အတိုးနှုန်းများကို မြှင့်တင်မည်ဟု ကြေညာထားရာ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၅၀၀၀ နှုန်းအထိ ရောက်ရှိဖွယ်ရှိသည်ဟု ရန်ကုန်စီးပွားရေးသမားတချို့နှင့် စျေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။