23 C
Yangon

ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာကို ညအချိန် စစ်တပ်က ၁၂၀ မမ ဖြင့် ပစ်ခတ်မှု ပြည်သူတချို့ဒဏ်ရာရ၊ ညတွင်းချင်း ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

စစ်ကိုင်းတိုင်း၊ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာကို ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့ ညအချိန် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ကျေးရွာအတွင်း ကျရောက်ကာ ပြည်သူများထိခိုက်မှုရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၂၇ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် ကသာမြို့နယ် ကပ္ပလိပ်ဘက်ကမ်းတွင်ရှိနေသော စစ်ကောင်စီတပ်က ကျောက်ထုံးကြီးရွာထဲသို့ လက်နက်ကြီးဖြင့် အချက်ရေ ၂၀ ကျော် ပစ်ခဲ့သဖြင့် ပြည်သူများနှင့် အိမ်မွေး တိရိစ္ဆာန်များ ထိမှန်ကြောင်း သိရှိရသည်။

” ရွာထဲကို လက်နက်ကြီးတွေကျလို့ အခုတော့ အကုန်ထွက်ပြေးနေရတယ်။ မိုးထဲရေထဲ ပြေးနေရတာ” ဟု ကျေးရွာသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ကသာမြို့၊ ပေကုန်းရပ်ကွက်တွင် တပ်စွဲထားသော စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ဧရာဝတီမြစ်ကို ကျော်ပြီး ကျောက်ထုံးကြီးရွာသို့ လှမ်းပစ်ခဲ့ရာ ကျောက်ထုံးကြီးရွာ ထဲသို့ ကျရောက်ပြီး ပြည်သူတစ်ယောက် လက်ထိထားကြောင်း၊ ညအချိန်မိုးချုပ် မိုးသည်းနေချိန် ပြည်သူများ ထွက်ပြေးနေရသည်ဟု သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article