21 C
Yangon

မြောက်ဥက္ကလာကြံ့ဖွတ်ရုံးကို အဝေးထိန်းဗုံး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်၊ လူထိခိုက်မှုမရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ကြံ့ဖွတ်ရုံးကို အဝေးထိန်းဗုံး ၂ လုံးဖြင့် Generation Z Defense Force & Supply Army က ယနေ့ ည ဖောက်ခွဲတိုက်ခိုက်ကြောင်း အဆိုပါ အဖွဲ့က ပြောသည်။

ဩဂုတ်လ ၂၇ ရက်နေ့ ည ၉ နာရီအချိန်တွင် မြောက်ဥက္ကလာပ၊ (ဃ)ရပ်ကွက်၊ ခေမာသီလမ်းမနှင့် ဝေပုလ္လလမ်း‌ထောင့်ရှိ မြောက်ဥက္ကလာပမြို့နယ် ကြံ့ဖွတ်ရုံးကို အဝေးထိန်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ သွေးကြွေးကို သွေးဖြင့် ပြန်ဆပ်ရမည်ဖြစ်ကြောင်း Generation Z Defense Force & Supply Army က ထုတ်ပြန်ထားသည်။

မြောက်ဥက္ကလာပ ဒေသခံတစ်ဦးကလည်း “ဗုံးကွဲ အသံက အကျယ်ကြီး။ အရှေ့မှာလည်း ထွေအုပ်ရုံး။ ဘေးမှာက မြို့နယ်ခန်းမ။ ကြံဖွတ်ရုံးထဲမှာလည်း စခ တွေရှိတယ်။ လုံခြုံရေးတင်းကျပ်တဲ့နေရာကို ဗုံးဖောက်သွားတာ။ လူထိခိုက်မှုမရှိဘူး” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ ညပိုင်း မီးလောင်ခဲ့သော မြောက်ဥက္ကလာပမြို့နယ် ဆ/ရပ်ကွက် ကြံ့ဖွတ်ရုံး။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article