21 C
Yangon

‘မမများနဲ့ ပွဲကမယ်’ ၏ တတိယမြောက် စီမံကိန်းအဖြစ် ချင်းနှင့် မကွေးရှိ ကာကွယ်ရေးတပ်ဖွဲ့များထံ သိန်းပေါင်း ၁၅,၀၀၀ ပံ့ပိုးမည်

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

‘မမများနဲ့ ပွဲကမယ်’ ၏ တတိယမြောက် စီမံကိန်းအဖြစ် ဩဂုတ်လ ၂၇ ရက်မှ စက်တင်ဘာလ ၂၇ ရက်နေ့အထိ ရက်ပေါင်း ၃၀ အတွင်း ငွေကျပ် သိန်းပေါင်း ၁၅,၀၀၀ ရှာဖွေသွားမည်ဖြစ်ပြီး ချင်းပြည်နယ်နှင့် မကွေးတိုင်းအတွင်းရှိ ကာကွယ်ရေးအဖွဲ့များထံ ပံ့ပိုးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခု စီမံကိန်းတွင် ချင်းပြည်နယ်ရှိ ကာကွယ်ရေးအဖွဲ့များထံ ၃၅ ရာခိုင်နှုန်းနှင့် မကွေးတိုင်းအတွင်းရှိ အဖွဲ့များထံ ၆၅ ရာခိုင်နှုန်း ပံ့ပိုးသွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ပါဝင်ကူညီလှူဒါန်းပေးကြရန် အဆိုပါအဖွဲ့က တိုက်တွန်းထားသည်။

“ဒီတော်လှန်ရေးကို နိုင်အောင်ကိုတိုက်မှာလို့ ဆုံးဖြတ်ထားပြီးဖြစ်လို့ ဒီပွဲနိုင်ဖို့ဆို အခရာဖြစ်တဲ့ ပြည်သူ၊ ပီဒီအက်ဖ်၊ ထောက်ပို့အားလုံး စုစည်းပြီးပြိုင်တူ အားကုန်ရုန်းကြရမှာဖြစ်ပါတယ်။ မမတို့က မြေပြင်၊ အစိုးရနဲ့ပူးပေါင်းပြီး အကောင်းဆုံးပလန်တွေချတယ်၊ ပြည်သူတိုင်းပါဝင်နိုင်စေဖို့ ပမာဏအနည်း၊ အများမရှိထည့်ဝင်နိုင်ပြီး မမတို့ကအလေလွင့်မရှိအောင် စနစ်တကျကောက်ခံပေးမယ်၊ ပြည်သူတွေက စိတ်ချယုံကြည်စွာနဲ့ မဖြစ်မနေပါဝင်ပေးကြဖို့၊ လှူဒါန်းပေးကြဖို့တစ်ခုလေးပါပဲ။” ဟု မမများနဲ့ ပွဲကမယ်အဖွဲ့က ထုတ်ပြန်ထားသည်။

ပြည်သူများက ပါဝင်ကူညီလှူဒါန်းငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် ပေးပို့ကူညီသွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတော်လှန်ရေးနှင့် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက်သာ မျက်နှာမူထားကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

‘မမများနဲ့ ပွဲကမယ်’ စီမံကိန်း၏ ပထမအဖြစ် ကရင်နီပြည်နယ်ရှိ တော်လှန်ရေးအဖွဲ့များထံ သိန်း ၅,၀၀၀ ပံ့ပိုးခဲ့သည်။

ဒုတိယမြောက်အဖြစ် စစ်ကိုင်းတိုင်းအတွက် သိန်းပေါင်း ၁၅,၀၀၀ လျာထားခဲ့သော်လည်း ပြည်သူများ၏ ပံ့ပိုးကူညီမှုဖြင့် သိန်းပေါင်း ၂၇,၇၀၀ ပံ့ပိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

စီမံကိန်းတွင် ပါဝင်ကူညီလှူဒါန်းရန် အောက်ပါလင့်ခ်မှတဆင့် ဆက်သွယ်စုံစမ်းနိုင်သည်။

https://www.facebook.com/108975101826970/posts/141656831892130/
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article