23 C
Yangon

ထားဝယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှု ပြုလုပ်

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)မှ ဦးဆောင်ပြီး ယနေ့ သြဂုတ် ၂၈ ရက်၊ နံနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ လှုပ်ရှားမှုမှာ အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ(လောင်းလုံးမြို့နယ်)၊ LGBT နှင့် လူငယ်တွေအပြင် ပြည်သူအချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်နိုင်ရန်နှင့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုတွေ ပပျောက်စေရန် ရည်ရွယ်ချက်များနှင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ကတည်းက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခု ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article