30 C
Yangon

Must read

နေပြည်တော် သုခသိဒ္ဓိရပ်ကွက်တွင် ဗုံးတွေ့ပြီး အကြမ်းဖက် စစ်တပ်မှ ရှင်းလင်း၊ ကော့သောင်းတွင် စစ်တပ် ယာဥ် ၁ စီး မိုင်းဆွဲခံရပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၂၈

နေပြည်တော်၊ သုခသိဒ္ဓိရပ်ကွက်၊ ပညာရေးဝန်ကြီးဌာန ၊ အခြေခံပညာဦးစီးဌာန ပညာရေးဝန်ထမ်းအိမ်ရာနှင့် အကြမ်းဖက်စစ်ကောင်စီမှ ဖွင့်လှစ်မည့် အဆင့်မြင့် University တို့ကြား ရှိ လမ်းမကြီးအနီး ဇီးပင်အောက်တွင် ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၃ နာရီတွင် ဗုံးတွေရှိမှုဖြစ်ပွားခဲ့ပြီး ဗုံးမျာမပေါက်ကွဲမီ စစ်ကောင်စီမှ လာရောက်ရှင်းလင်းခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့ တွင် ဩဂုတ်လ ၂၈ ရက်နေ့ ည ၈ နာရီခွဲ အချိန်တွင် မြို့တွင်း၌ ပတ်ကင်းလှည့်လည်နေသော အကြမ်းဖက်စစ်ကောင်စီ၏ Vigo မော်တော်ယာဉ်ငယ်တစ်စီး မြို့နယ်တရားရုံးနား အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ယာဉ်ပေါ်ပါလာသူ လေးဦးအနက် နှစ်ဦး အပြင်းအထန် ဒဏ်ရာရကာ ဆေးရုံသို့ ပို့လိုက်ရကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို ကော့သောင်း ပကဖ အဖွဲ့မှ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article