28 C
Yangon

ပုလဲမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ သြဂုတ် ၂၈

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၈ ရက်နေ့တွင် “ဘယ်မျဥ်းစောင်း ထိထိ ငါတို့နဲ့ငြိတာပဲ” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်သည် ပြည်သူများ အပေါ် အမျိုးမျိုး ဖိနှိပ် သတ်ဖြတ်ခြင်း ပြုလုပ်နေသည့် ကြားမှ ပုလဲမြို့နယ်မှ ပြည်သူများမှ ချီတက် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိမိတို့နေအိမ်များကို မီးရှို့ခံရခြင်းနဲ့ပတ်သတ်ပြိီး တော်လှန်ရေး လှုပ်ရှားမှုတွေ ရပ်တန့်သွားမဲ့အစား နှစ်ဆပိုပြင်းပြတဲ့တော်လှန်စိတ်တွေနဲ့ ငရဲက မ လာဘဲ ပြာပူမကြောက်တဲ့ ကျနော်တို့ရဲ့ ဖီးနစ့်ငှက်တွေဟာအာဏာရှင်စနစ်ပျက်သုဥ်းရေးအတွက် ယနေ့အထိ တော်လှန်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။ အာဏာသိမ်းအကြမ်းဖက် စစ်တပ်ကို
အဆုံးသတ်ဖို့ လူထုတစ်ရပ်လုံး ရုန်းထတော်လှန်ကြပါစို့” ဟု သပိတ် စစ်ကြောင်း ဦးဆောင်သူများက ဟောပြောခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article