26 C
Yangon

လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ “၅/ ဟေ့ ရဲရဲနီ အာဏာရှင်စနစ် အမြစ်ဖြတ်မည်” ကြွေးကြော်သံဖြင့် ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ သြဂုတ် ၂၈

လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၈ ရက်နေ့တွင် “၅/ ဟေ့ ရဲရဲနီ အာဏာရှင်စနစ် အမြစ်ဖြတ်မည်” ကြွေးကြော် သံများဖြင့် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“နေရာဒေသမခွဲခြားပဲလူထုလွတ်မြောက်ရေးအတွက် လူတိုင်းကအားထုတ်ကြိုးစားသွားရမှာဖြစ်တယ်။
စစ်ကိုင်းတိုင်းအတွင်းက မီးလောင်ပြင်နဲ့ စစ်သလင်းတွေချည်းပါပဲ။ တော်လှန်သွေးဟာ နီးစွေးပြီး တစ်နိုင်ငံလုံး စစ်ကျွန်စနစ်ကလွတ်မြောက်အောင် ကြိုးစားအားထုတ်နေကြတာမို့ စစ်ကိုင်းတိုင်းကို ကူပါ။ လှူပါ။ ရှေ့တန်းမှာ ရဲရဲဝံ့ဝံ့နဲ့ မြေပေါ်လှုပ်ရှားမှုသပိတ်တိုက်ပွဲတွေရယ် မြေအောက်လှုပ်ရှားမှုဖြစ်တဲ့ လက်နက်ကိုင် တော်လှန်သူရဲဘော်တွေရယ် ဟန်ချက်ညီစွာဖြင့် ယနေ့ထိ တိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ်။ ပြည်သူမှာ ပြည်သူပဲရှိတာမို့ ပြည်သူအချင်းချင်းက ထိန်းကျောင်းပြီး အောင်ပွဲရသည်အထိ နွေဦးတော်လှန်ရေး ခရီကြမ်းကို ဆက်လျှောက်ကြပါစို့” ဟု သပိတ် စစ်ကြောင်း ဦးဆောင်သူများက ဟောပြောခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article