30 C
Yangon

မင်္ဂလာဒုံတွင် ညသန်းခေါင်အချိန် ဗုံးပေါက်ကွဲသံများနှင့် ပစ်ခတ်သံများ ဆက် တိုက်ထွက်ပေါ်၊ မြောက်ဥက္ကလာ၊ အင်းစိန်၊ မြောက်ဒဂုံနှင့်တောင်ဥက္ကလာ တို့တွင်လည်း ဗုံးပေါက်ကွဲသံများကြားရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၉

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ ဩဂုတ် ၂၈ ရက်နေ့ ညသန်းခေါင်းယံနှင့် ဩဂုတ် ၂၉ ရက်နေ့ နံနက်အစောပိုင်းတွင် ဗုံးပေါက်ကွဲသံများနှင့် ပစ် ခတ်သံများ ဆက်တိုက်ကြားရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၂ နာရီဝန်းကျင်အချိန်တွင် ဗုံးပေါက်ကွဲသံနှင့် ပစ်ခတ်သံများကြားရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

“ဗုံးပေါက်သံ ပထမကြားရတယ်။ နောက်တော့ သေနတ် နဲ့ ရမ်းပစ်သံ ၈ ချက်ကြားရတယ်။ ခရေပင်လမ်းခွဲနားလောက်နဲ့ အမှတ် ၃ လမ်းဆုံ နားလောက်က ဗုံးကွဲလို့ ပစ်တာ ထင်တယ်။ သေနတ်သံ တော်တော်ကျယ်တယ် သေနတ်သံနဲ့ နီးတာ ၃၂၃ ထောက်ပို့တပ် ဖြစ်ဖို့များတယ်။ နောက်တစ်ခါ သေနတ်သံတွေထပ် ကြားနေရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ မြောက်ဥက္ကလာပမြို့နယ်တွင်လည်း ဩဂုတ်လ ၂၈ ရက်နေ့ ညပိုင်း ဗုံးပေါက်ကွဲသံ ၃ ကြိမ် ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၈ ရက်နေ့ ည ၇နာရီ ၃၁မိနစ်တွင် တစ်ကြိမ်၊ ည ၈နာရီ ၃၀မိနစ်တွင် တစ်ကြိမ် နှင့် ည ၁၁နာရီ ၁၈မိနစ်တွင် ဗုံးပေါက်သံ ၃ ကြိမ်ထွက်ပေါ်ခဲ့ပြီး ပစ်ခတ်သံများလည်းကြားရသည်ဟု မြောက်ဥက္ကလာပ ပြည်သူများက ဆိုကြသည်။

“ပေါက်ကွဲသံ ၃ ကြိမ်လုံး ကြားတယ်။ တော်တော်ကျယ်တယ်။ သေနတ်အသံမျိုးလည်း ကြားရတယ်” ဟု မြောက်ဥက္ကလာပ ပြည်သူတစ်ဦးက ပြောသည်။

ဩဂုတ်လ ၂၈ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင်အချိန် တောင်ဥက္ကလာ မြောက်ဒဂုံ၊ မရမ်းကုန်းမြိုနယ်နှင့် အင်းစိန်မြို့နယ်များတွင်လည်း ဗုံးပေါက်ကွဲသံများကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် ရန်ကုန်မြို့တွင် ရမ်းကားဖမ်းဆီးနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article