32 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ်၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ်၂၉ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -မန္တလေး၊ ချမ်းမြသာစည်မြို့နယ်က စစ်တပ် သတင်း ပေးလို့ သတ်မှတ်ခံရသူ နေနီအောင်ဟာ ဩဂုတ်လ ၂ ရက် နေ့က အသတ်ခံရပြီး အလောင်းကို အမြန်လမ်းဘေးမှာ စွန့်ပစ်ခဲ့တဲ့ သတ်ဖြတ်မှုကို မဘသ အစွန်း ရောက် မိုက်ကယ်ကျော်မြင့်က အကြွေးကိစ္စအတွက် စစ်အရာရှိ နဲ့ ပူးပေါင်းပြီး သတ်ဖြတ်လိုက် တာဖြစ် တယ်လို့ မဘသ နဲ့ အမျိုးသားရေးသမားတွေက စွပ်စွဲပြောဆို‌နေကြပါတယ်။ -မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ ဝယ်တောင်(မ)- ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က သြဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် အလုံး ၃၀ နီးပါး မီးလောင်းပြာကျခဲ့တယ်လို့ We Love Myaing အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။ – ရခိုင်ပြည်က ရသေ့တောင်၊ မောင်တော၊ မြောက်ဦးမြို့နယ် နဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ကို အကြမ်း ဖက် စစ်ကောင်စီတပ်က စားနပ်ရိက္ခာတွေ ဖြတ်တောက်ထားပြီး ဒေသခံ ပြည်သူတွေကို လက်နက် ကြီးတွေနဲ့ ပစ်ခတ် သတ်ဖြတ်နေတဲ့အပြင်၊ အဲ့ဒီလို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ အဖွဲ့ ၉ ခုကနေ ပြင်းထန်စွာ ရှုတ်ချလိုက်ကြပါတယ်။ -စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာ အနီးမှာ ဖြတ်သန်းသွားလာနေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ရဲ့ ကြေးနီတင်- ကွန်တိန်နာကားတွေ ကို ဩဂုတ်လ ၂၈ ရက်နေ့ ဖြစ်တဲ့မနေ့က မိုင်းခွဲတိုက် ခိုက်ခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article