23 C
Yangon

ထီးချိုင့်မြို့နယ်၊ ကံပေါက်ရွာနှင့် သရက်ကိုင်းတောင်ရိုးအကြား စစ်ကောင်စီက လေကြာင်းဖြင့်တိုက်ခိုက်

Must read

ရန်ကုန်၊ ဩဂုတ် ၂၉

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကံပေါက်ရွာနှင့် သရက်ကိုင်းတောင်ရိုးအကြား စစ်ကောင်စီက ယနေ့ လေကြောင်းဖြင့် တိုက်ခိုက်မှုများလုပ်ဆောင်ကြောင်း သိရှိရသည်။

ယနေ့ ဩဂုတ်လ၂၉ ရက်နေ့ နေ့လည် ၁၂နာရီအချိန် ဗုံးချတိုက်ခိုက်မှုများ လုပ် ဆောင်ခြင်းဖြစ်ပြီး လေကြောင်းဖြင့် ဗုံးကျဲချသည့်နေရာသည် ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့တွင် KIA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သော နေရာဖြစ်ကြောင်း သိရှိရသည်။

“လေယာဉ်က ၂စီးနဲ့ပစ်ခတ်တယ်။ ဗုံးကျဲတာတွေလုပ်သွားတယ်။ ဗုံးက သုံးလုံးလောက်ချသွားတယ်။ စက်လက်နက်နဲ့ ပစ်တာတွေလည်းလုပ်တယ်။ဘာကြောင့် အခုလို ပစ်ခတ်တာလဲဆိုတာက မနေ့‌က မြေပြင်မှာ သူတို့ စစ်တပ်နဲ့
ကျနော်တို့ တိုက်ပွဲဖြစ်တယ်။ စစ်ခွေး ၂ကောင်ကျတယ်။ အလောင်းထမ်းသွားတာကိုဒေသခံတွေက ပြန်ပြောတယ်။ ဒေသခံ PDFနဲ့ KIA ပူးပေါင်းတပ်တွေနဲ့ ပိတ်ဆို့ဝိုင်းပစ်နေလို့ အခုလို လာပစ်တာဖြစ်နိုင်တယ်။ သူတို့ စစ်ကူပေးလာပစ်တာက နောက်ကျတယ်ဗျ။ သူတို့လာပစ်တော့ကျွန်တော်တို့က ကိုယ့်စခန်းကိုပြန်ရောက်နေပြီ” ဟု ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တပ်၏ လေကြောင်းဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်မှု တစ်စုံတစ်ရာမရှိသော်လည်း စစ်ကောင်စီ၏ တစ်ကျော့ပြန်ဝင်ရောက်လာသဖြင့် ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု စစ်ရေးလေ့ကျင့်မှုမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article