ရန်ကုန်၊ ဩဂုတ် ၂၉
မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌဟောင်းဖြစ်သူ မသဲစုနိုင် (ခ)မဂျူးကို စစ်ကောင်စီ၏ မိတ္ထီလာတရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြောင်း သိရှိရသည်။
မသဲစုနိုင်(ခ) မဂျူးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၂ရက်နေ့တွင် နေအိမ်၌ သေ နတ် ပစ်ဖောက်၍ စစ်တပ်က ဖမ်းဆီးခဲ့ခြင်းပြီး ၉လကြာ အမှုရင်ဆိုင်ခဲ့ရကြောင်း၊ ပစ်ခတ်ဖမ်းဆီးမှုကြောင့် မသဲစုနိုင်(ခ) မဂျူး၏ ခြေထောက် ကျိုးသွားခဲ့သော်လည်း ဆေးကုသခွင့်မရရှိခဲ့ဘဲ ခြေထောက်မှာလည်း ပြန်လည် ကောင်းမွန်ခြင်း မရှိကြောင်း၊ မဂျူးသည် မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်ခဲ့ပြီး CDM ကျောင်း ဆရာမတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။