30 C
Yangon

ထိုင်းနိုင်ငံ၊ မဲဆောက်ရှိ သဘာ၀တရားရိပ်သာတွင် သီလရှင်နှင့် ဘုန်းကြီး ဟန် ဆောင်ထားသောမြန်မာစစ်တပ်စပိုင်များ အပါအဝင် အထောက်အထားမဲ့သူ ၃၈ ဦးကို ဖမ်းဆီးရမိ၊ စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားသူကို စုံစမ်းထောက်လှမ်းရန် လာရောက်ဟု ထိုင်းအာဏာပိုင်များပြော

Must read

ရန်ကုန်၊ ဩဂုတ် ၂၉

ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်၊ မယ်ပရှိ သဘာ၀တရားရိပ်သာတွင် မြန်မာစစ်တပ်က စေလွှတ်လိုက်သော စုံစမ်းထောက်လှမ်းသူ စပိုင်များ အပါအဝင် အထောက် အထားမဲ့သူ ၃၈ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်များ၏ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းမီဒီယာ Matichon က သတင်းဖော်ပြသည်။

ဩဂုတ်လ ၂၉ ရက်နေ့ မဲဆောက်အုပ်ချုပ်ရေးအာဏာပိုင်များက မယ်ပတွင် ဖွင့်လှစ်ထားသော သဘာ၀တရားရိပ်သာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ မယ်ပ သဘာ၀တရားရိပ်သာ ၃ ထပ်အဆောက်အအုံတွင် ဘုန်းကြီး၊ သီလရှင်နှင့် မြန်မာနိုင်ငံသား ၃၈ ဦးကို တွေ့ရှိရကြောင်း၊ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် အထောက် အထားများ စစ်ဆေးသောအခါ မည်သူ့တွင်မှ အထောက်အထားမရှိကြောင်း သိရှိရသည်။

ထိုင်းအာဏာပိုင်များ၏ စစ်ဆေးချက်များအရ ဘုန်းကြီးနှင့်သီရှင်ဝတ်ထားသူတချို့သည် မြန်မာစစ်တပ်က စေလွှတ်လိုက်သော စပိုင် စုံစမ်းထောက်လှမ်းသူများဖြစ်ကြပြီး မဲဆောက်ရှိ စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားသူများ အကြောင်း စုံစမ်းရန်၊ တချို့မှာ ဘန်ကောက်သို့ သွားရောက်ပြီး မြန်မာစစ်တပ် ဆန့်ကျင်ရေးလှုပ်ရှားသော အဖွဲ့များ၏ လှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်းရန် ဖြစ် သည်ဟု ထိုင်းသတင်း Matichon ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးရမိသူများကို မဲဆောက်အာဏာပိုင်များက ထိန်းသိမ်းစစ်ဆေးလျက်ရှိပြီး ဥပဒေနှင့်အညီ ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်း Matichon သတင်းက ဖော်ပြကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article