32 C
Yangon

မုံရွာမြို့တွင် စစ်ကားများဖြင့် ပြည်သူတချို့ တိုက်သတ်ခံရမှု မကြာခဏ ဖြစ်ပွား ၊ယမန်နေ့ စစ်ကားဖြင့် ပြည်သူတစ်ဦးကို တိုက်မိ သေဆုံးမှု အလောင်းပြန်မပေးသည့်အပြင် အမှုဖွင့်ခွင့်မရ

Must read

ရန်ကုန်၊ ဩဂုတ် ၃၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက စစ်ကားများကို ရမ်းကားမောင်းနှင်နေသဖြင့် ပြည်သူများ မကြာခဏဆိုသလို တိုက်မိသေဆုံးမှုများဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၂၉ ရက်နေ့တွင် ပြည်သူတစ်ဦး စစ်ကားဖြင့် တိုက်ခံရကာ သေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တည်ရှိရာ အလုံမြို့ လူစည်ကားရာ စျေးရှေ့တွင် ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၁၇ မိနစ်အချိန် စစ်ကားဖြင့် ဆိုင်ကယ်တစ်စီးကို တိုက်မိပြီး ဆိုင်ကယ်စီး ပြည်သူမှာ ပွဲချင်းပြီး ဆေသုံးသွားကြောင်း သိရှိရသည်။

“စစ်ကားတွေကို မောင်းချင်သလိုမောင်းပြီး ပြည်သူတွေကို တိုက်နေတာ။ မကြာခဏဖြစ်တယ်။ သူတို့က လမ်းပေါ်မှာ မိုင်းဆွဲခံရမှာ ကြောက်တော့တအားမောင်းတယ်။ မနေ့ညနေပိုင်းက အလုံစျေးရှေ့မှာ စစ်ကားနဲ့ ဆိုင်ကယ်ကို တိုက်တယ်။ ဆိုင်ကယ်မောင်းတဲ့ပြည်သူက သေတယ်။ ယာဥ်တိုက်မှုအပြီး စစ်ခွေးနဲ့ ပျူများ အရပ်ဝတ် နဲ့ လက်နက်တွေကိုင်ပြီး ရောက်လာတယ်။ ထို ကားတိုက်ခံရသူက ခေါင်းဒဏ်ရာနဲ့ နမခ စစ်တပ်ဆေးရုံမှာ သေဆုံးသွားသွားတယ်။ အလောင်းကို မိသားစု ပြန်မပေးဘူး” ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

စစ်ကားဖြင့် တိုက်မိလျှင် နစ်နာကြေးတောင်းမရသကဲ့သို့ လူသေဆုံးလျှင်တောင်မှ အမှုဖွင့်ခွင့်မရဟု သိရှိရသည်။

ဩဂုတ်လ ၂၈ ရက်နေ့ တစ်နေ့တည်းမှာပင် စစ်ကားဖြင့် ဆိုင်ကယ်များတိုက်မှု ၃ မှုထက်မနည်းဖြစ်ပွားခဲ့ပြီး သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း၊ စစ်ကားများက ရည်ရွယ်ချက်ရှိရှိ ဆိုင်ကယ်နှင့် ပြည်သူများကို တိုက်နေသည့်သဘောရှိသည်ဟု ဆိုသည်။

“မုံရွာဆိုတာကလည်း တော်လှန်ရေးမှာ ဦးဆောင်နေတဲ့ မြို့ဖြစ်တယ်။ အရမ်းတက်ကြွတဲ့မြို့ဖြစ်တော့ စစ်ကားတွေနဲ့များ တမင်လိုက်တိုက်နေသလိုပဲ။ အခုရက်ပိုင်းမှာ စစ်ခွေးကားနဲ့ တိုက်မိတာတွေ ခဏ ခဏ ခံနေရပါတယ်။ ဩဂုတ်လ ၂၈ ရက်နေ့ တစ်ရက်တည်းမှာပဲ ​မုံရွာမြို့တွင်းမှာကို ခွေးကားနဲ့ တိုက် ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ သူတို့က လမ်းပေါ် ထင်သလိုမောင်းနေကြပြီး မြို့ထဲလိုနေရာမှာတောင် အရှိန်လုံးဝ မလျှော့ဘဲ မောင်းကြတာပါ” ဟု ဒေသခံတစ်ဦးကပြောသည်။

မုံရွာမြို့ပေါ်တွင် စစ်တပ်က လုံခြုံရေးဘန်ကာ အတားအဆီးများ အခိုင်အမာချထား တပ်စွဲထားပြီး စစ်ကားများမှာလည်း တချိန်လုံး မြို့ကို လှည့်ပတ်ပြီး ကင်းလျက်ရှိကြောင်း၊ စိတ်မထင်လျှင် ပြည်သူများကို စစ်ကားများဖြင့် တိုက်နေမှုများရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဩဂုတ်လ ၂၉ ရက်နေ့ မုံရွာမြို့နယ်၊ အလုံမြို့ လူစည်ကားရာစျေးရှေ့တွင် စစ်ကားဖြင့် တိုက်ခံရပြီး သေဆုံးသူ ပြည်သူတစ်ဦး၏ ရုပ်အလောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article