ရန်ကုန်၊ သြဂုတ် ၃၀
ရန်ကုန်၊ ကန်တော်ကြီးအနီးရှိ လူကူး ကုန်းတံတားတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာကို ယနေ့နံနက် ၆ နာရီခွဲတွင် ချိတ်ဆွဲသည်။
ပိုစတာတွင် “အသက်ကြွေး၊ ဘဝအကြွေးတွေ ယူ ထားတာများနေပြီဖြစ်တဲ့ မင်းတိုအမှားတွေအတွက် မင်းတိုအနောက်မှာ ငါတို့တွေ အရိပ်လို အမြဲလိုက်နေမယ်ဆိုတာ မြဲမြဲမှတ်ထားကြ ။ ဘယ်သူ့သွေးက ပိုရဲလဲ တရားတဲ့ သူတွေသာနိုင်ကြေးဟေ့”ဟု ရေးသားထားသည်။