27 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ်၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၃၀ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – ပြည်တွင်းစီးပွားရေးစျေးကွက်မှာ ဒီကနေ့ ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီအထိ ရရှိထားတဲ့ အချက်အလက်အရ အကယ်ဒမီ မီးလင်းရွှေ (အခေါက်ရွှေ)တစ်ကျပ်သားကို ငွေကျပ် ၃၁ သိန်း ၅ သောင်း အထိစျေးမြင့်တက်သွားပြီးတော့ ရွှေကို ဝယ်မရတော့ပဲ ဖြစ်နေတယ်လို့ ရန်ကုန်မီးလင်းရွှေစျေးကွက် အတွင်းကနေ သိရပါတယ်။ – ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့ နယ် ၊ အင်းစိန်စျေး နဲ့ လဟာပြင်စျေးအကြားမှာ ဒီကနေ့ ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ လောက်မှာ အင်းစိန်ထောင် အထူးတရားရုံးက တရားသူကြီး စီးနင်းလာတဲ့ ကား ပစ်ခတ်ခံရတယ်လို့ စစ်ဘက်သတင်းရင်းမြစ် NOM နဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။ – တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မြို့နယ်လဝကရုံး နဲ့ တိုင်းကညနရုံးတို့မှာ ဒီကနေ့ ဩဂုတ်လ ၃၀ ရက်နေ့ မွန်းတည့်ချိန်မှာ သေနတ် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲ တပ်ဖွဲ့ဝင်-ဟောင်း တစ်ဦး သေနတ်ထိမှန်ပြီး သေသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article