27 C
Yangon

ကလေးမြို့တွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးသေဆုံး၊ ကျိုက်ထိုတွင်လည်း စစ်ကောင်စီတပ်ကို KNLA ၊ PDF မဟာမိတ်ပူးပေါင်းတပ်က တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၃၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို PDF (Kalay) က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း PDF (Kalay) ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဩဂုတ်လ ၂၉ ရက် ညနေ ၇ နာရီခွဲအချိန်ခန့်တွင် ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရွာ ရဲစ ခန်း ဝန်းအတွင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀ ခန့်သည် ရွာမြောက်ဘက်သို့ဦးတည်၍ ခြေလျင်စစ်ကြောင်းထိုးလာစဉ် PDF (Kalay) မိုင်းတပ်ဖွဲ့က အသင့်စောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ တောင်ဘက်သို့ ကြောက်လန့်တကြား ဆုတ်ခွာပြေးကြောင်း၊ မြောက်စည်းရဲစခန်းအနီးသို့အရောက်တွင် PDF (Kalay) မိုင်းတပ်ဖွဲ့က အသင့်စောင့်ဆိုင်း၍ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း သိရှိရသည်။

ကလေးမြို့နယ်တွင်ပင် ယနေ့ နံနက် ၆ နာရီခန့်၌ ကလေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကား ၅ စီးပါဝင်သော အကြမ်း ဖက်စစ်ကောင်စီယာဉ်တန်းသည် ကံသာယာရွာမှ တမူးမြို့ဘက်သို့ ဦးတည်ထွက်ခွာလာစဉ် ကံလှရွာ၏တောင်ဘက် ကျွန်းစိုက်ခင်းအနီးတွင် PDF (Kalay) နှင့် ရပ်ရွာ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက အသင့်တပ်ဆင်ထားသော မိုင်းတွဲများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကား ၁ စီး လမ်းဘေးချောက်အတွင်းသို့ ထိုးဆင်းလဲကျသွားပြီး အခြား ၁ စီးမှာလည်း မိုင်းအပြင်းအထန် ထိမှန်ပျက်စီးသွားကြောင်း၊ သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်အချိန် KNU တပ်မဟာ ၁ နယ်မြေ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သင်္ချိုင်းကုန်းတွင် လက်နက်ကြီးအထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်ကို KNLA ၊ PDF အပါအဝင် မဟာမိတ်ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁၇ ဦးသေဆုံးကြောင်း၊ ကျိုထိုတော်လှန်ရေးအင်အားစုက တရားဝင် သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Photo- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article