36 C
Yangon

AA နှင့်တိုက်ပွဲတွင် သေဆုံးသော ဒုတိယဗိုလ်မှူးကြီး မိုးဇော် အပါအဝင် စစ်အရာရှိနှင့်စစ်သားများ အလောင်းပြန်မရ ဟုဆို

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

ရခိုင်ပြည်နယ်နှင့်ပလက်ဝေ ဒေသတို့တွင် ဩဂုတ် ၁၃ ရက်နေ့ ဖြစ်ပွားသော AA နှင့် တိုက်ပွဲတွင် သေဆုံးသော စစ်သား ၃၇ ဦးတွင် ခလရ ၂၇၀ တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး မိုးဇော်၊ ခမရ ၅၃၇ မှ ဗိုလ်မှူးသက်နိုင်ဦး၊ ခလရ ၂၀ မှ ဗိုလ်မှူး တို့ ပါဝင်ပြီး အလောင်းပြန်မရကြောင်း သိရှိရသည်။

မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာအနီး တိုက်ပွဲတွင် ဒကစ (စစ်တွေလက်အောက်ခံ) ခလရ ၂၇၀ တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး မိုးဇော်၊ ရသေ့ တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ အနီးတိုက်ပွဲတွင် ရ သေ့တောင် အခြေစိုက် ခမရ ၅၃၇ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ဦး၊ ရက္ခိုင်-ဘင်္ဂလားနယ်စပ် မိုင်တိုင် ၄၀ ဖက် တိုက်ပွဲတွင် ဒကစ (စစ်တွေလက်အောက်ခံ) ခလရ ၂၀ ဗိုလ်မှူးတစ်ဦး တို့ သေဆုံးခဲ့ကြသည်။

ဩဂုတ် ၁၃ ရက်နေ့ အကြမ်းဖက်စစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ အကြား ရက္ခိုင်ဒေသတွင်း ၃ နေရာနှင့် ပလက်ဝဒေသတွင်း ၁ နေရာ စုစုပေါင်း ၄ နေရာတွင် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၇ ဦးသေဆုံးခဲ့ကြောင်း ၊ လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း သိရှိရသည်။

AA အနေဖြင့်လည်း စစ်ကောင်စီတပ်၏ စစ်ဆင်ရေး၊ ထိုးစစ်များကို မိတ်ဖက်အဖွဲ့အစည်းများ၊ ညီနောင်မဟာမိတ်အဖွဲ့ အစည်းများ၊ ရခိုင် ပြည်သူလူထုတစ်ရပ်လုံးနှင့် ဟန်ချက်ညီညီပူးပေါင်းကာ ပြန်လည်ခုခံ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။

ဓာတ်ပုံ- AA နှင့်တိုက်ပွဲတွင် သေဆုံးသော စစ်တွေအခြေစိုက် ခလရ ၂၀ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမိုးဇော်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article