36 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၂၀ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကောင်းသစ်ကျေးရွာမှ ရုရှားပြန် ဗိုလ်ကြီးထိန်လင်းနဲ့ တပ်ကြပ်ကြီး ကျော်သဲဦး တို့ရဲ မိသားစုဝင် နေအိမ် ၆ လုံးအပါ အဝင်ပြည်သူပိုင်နေအိမ်တွေကို အကြမ်းဖက်စစ်တပ်က ဖျက်ဆီးမီး ရှို့သွားတယ်လို့ ဒေသခံတွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကပြောပါတယ်။ – မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေကြား အိမ်သစ်-ကျေးရွာအနီးမှာ သြဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး ၊ စစ်ကောင်စီဘက်က ၆ ဦးသေသွားတဲ့အပြင် ၊ ရဲ ၁ ဦးကိုပါ အရှင်ဖမ်းဆီး နိုင်ခဲ့ တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ – စစ်ကိုင်းတိုင်း ၊ ထီးချိုင့်မြိုနယ်ဘက်ကနေ အင်းတော် ဘက်ကို တက်လာတဲ့ အင် အား ၆၀ ကျော်ပါ အကြမ်းဖက် စစ်ကောင်စီတပ်ကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်တွေက ဩဂုတ်လ ၁၉ ရက်နေ့မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article