34 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၂ ရက်နေ့ နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၂၂ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ချောင်းဝကျေးရွာမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ရဲ့ ခလရ ၁၂၁ စစ်ကြောင်း နဲ့ မြို့လှ KPDF တို့ကြား ဩဂုတ်လ ၂၀ ရက်နေ့မှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦး သေဆုံးတဲ့အပြင် ၊ ဒဏ်ရာရသူတွေပါ ရှိတယ်လို့ မြို့လှ KPDF က သတင်းထုတ်ပြန်ထားပါတယ်။ – ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာ နဲ့ ထီးတော်ကူးကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ဩဂုတ်လ ၂၁ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့လည်း လွိုင်ကော် PDF က သတင်းထုတ်ပြန်ထားပါတယ်။ – သန်လျင်မြို့နယ်မှာ ဩဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီသတင်းပေးလို့ သတ်မှတ်ခံရတဲ့ သူကြီးဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါ့မယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article