27 C
Yangon

Khit Thit သတင်းဌာန၏  ဩဂုတ် ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့  ဩဂုတ် ၅ ရက် ညနေပိုင်း ရရှိထားတဲ့ သတင်းတွေကတော့

– တနင်္သာရီတိုင်း ၊ ထားဝယ်မြို့ ၊ ဘုမ္မော်ရပ်ကွက်မှာ နေထိုင်တဲ့ ဦးစိုးမြင့်ကို အကြမ်းဖက် စစ်ကောင်စီ တပ်က သြဂုတ်လ ၄ ရက်နေ့  ည ၁၀ နာရီလောက်မှာ အကြောင်းမဲ့ ဖမ်းဆီးသွားပြီးတော့ ၊ သတ်ဖြတ် လိုက် တဲ့အပြင် ၊ ရုပ်အလောင်းကို လမ်းဘေးမှာ စွန့်ပစ်ထားခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ် ဖြစ်တဲ့ Dawei Information Center ဆီက သိရပါတယ်။

– ဂျပန် ကို သွားရောက် အလုပ်လုပ်ဖို့ အဓိကကျတဲ့ ဂျပန်ဘာသာစကား N4 – Level စာမေးပွဲ လျှောက် လွှာရရှိရေးအတွက် ဒီကနေ့ အော်ဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းမှာ လူငယ် အယောက် ၅၀၀၀ ကျော် တန်း စီ ၊ ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့ပြီး ၊ လျှောက်လွှာထုတ်ပေးတဲ့တက္ကသိုလ်ဝင်းထဲက အဆောင်မီး လောင်တဲ့အတွက် လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ လျှောက်လွှာ တန်းစီခဲ့တဲ့ လူငယ်တွေဆီကနေ သိရပါတယ်။

– အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်မှာ အော်ဂုတ်လ ၄ ရက်နေ့ ညနေပိုင်းက အိမ်စီးကား နဲ့ ရဲကား တိုက်မိပြီး ၊ ရဲကားဟာ တိမ်းမှောက်သွားတဲ့အပြင် ၊ ရဲ ၂ ဦး နဲ့ အချုပ်သား ၁ ဦး ဒဏ်ရာ ရရှိခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article