34 C
Yangon

ကရင်ပြည်နယ်တွင် အဖမ်းခံခဲ့ရသော စစ်သုံ့ပန်း ဗိုလ်ကြီးရဲရင့်မောင် မင်းအောင်လှိုင်နှင့်စစ်တပ်ကို ကိုးကွယ်သူဖြစ်ပြီး NLDနှင့်နီပိန်းများ နှိပ်ကွပ်မည်ဟု ကြွေးကြော်ခဲ့သူဖြစ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ ကားလမ်းတွင် ယမန်နေ့ KNLA ပူးပေါင်းတပ်က ဖမ်းဆီးရမိခဲ့သော တပ်မ ၄၄ လက်အောက်ခံ ခမရ ၁၀၂ မှ ဗိုလ်ကြီးရဲရင့်မောင်သည် မင်းအောင်လှိုင်နှင့်စစ်တပ်ကို ကိုးကွယ်သူဖြစ်ပြီး NLDနှင့်နီပိန်းများ နှိပ် ကွပ်မည်ဟု ကြွေးကြော်သူဖြစ်ကြောင်း တပ်အသိုင်းအဝိုင်းနှင့် ၎င်း၏မွေးရပ်မြေ အသိုင်းအဝိုင်းက ပြောဆိုသည်။

ဗိုလ်ကြီးရဲရင့်မောင်သည် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် နန်းမားမြို့မှဖြစ်‌ပြီး ဖခင်ဖြစ်သူ မိုးညှင်း ခမရ ၃၈၅ တပ်မှ တပ်ကြပ်စစ်မှုထမ်းဟောင်း ဦးမောင်မောင် ဖြစ်ကြောင်း၊ ဗိုလ်ကြီးရဲရင့်မောင်၏ အကိုဖြစ်သူမှာလည်း စစ်သားပင်ဖြစ်ပြီး ကျဆုံးသွားပြီဖြစ်ကြောင်း၊ ညီမဖြစ်သူမှာလည်း စစ်သည်တစ်ဦးနှင့်ပင် အိမ်ထောင်ကျပြီး တပ်ထဲတွင် လိုက်နေသူဖြစ်ကြောင်း သိရှိရသည်။

“သူ့အဖေက နန်းမား ခမရ ၃၈၅ က အငြိမ်းစားစစ်မှုထမ်း တပ်ကြပ် ဦးမောင်မောင်ပါ။ သူ့အကိုကလည်း စစ်သား ပဲသေသွားပြီ။ သူ့ညီမလည်းစစ်သားနဲ့ရတာ။ တစ်ဆွေလုံးတစ်မျိုုးလုံး တပ်မျိုးတပ်နွယ်။ တပ်ထောက်ခံသူစစ်စစ်။ မင်းအောင်လှိုင် ကိုးကွယ်သူစစ်စစ်။ အခု နန်းမားမှာ သူ့သတင်းကြားရတာက အဖမ်းခံလိုက်ရပြီဆိုတာ အားလုံး ကြားကြတယ်” ဟု ဒေသခံတစ်ဦးက ပြော သည်။

ဗိုလ်ကြီးရဲရင့်မောင်သည် ၂၀၁၀- ၂၀၁၁ ခုနှစ် ပညာသင်နှစ်တွင် ၁၀ တန်းအောင် မြင်ခဲ့ပြီး DSA ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၅၇ တက်ရောက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကျောင်းဆင်းခဲ့ကြောင်း သိရှိရသည်။

“၂၀၁၀/ ၁၁ မှာဆယ်တန်းအောင်ပါတယ်။ သူ့ဗီဇစရိုက်ကို ပြောပါဆိုရင် ငယ်ငယ်ကတည်းက သူများကို အနိုင်ကျင့်တယ်။ ကျောင်းမှာ အတန်းဖော်တွေကိုအနိုင်ကျင့်တယ်။ အခြေခံပညာအထက်တန်းကျောင်း နန်းမားကနေ ၁၀ တန်းအောင်တာပါ။ သူရော သူ့မိသားစုက စစ်တပ်သာ ကိုးကွယ်ရာလို့ ခံယူထားကြတာ။ KNU ကိုလည်း သူ့အကြောင်းလေး အသိပေးပေးပါ။ သတိပေးပေးပါ။ မယုံဖို့ ပြောပါရစေ” ဟု ဗိုလ်ကြီးရဲရင့်မောင်၏ အကြောင်း သေချာစွာ သိရှိထားသူက ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ဗိုလ်ကြီးရဲရင့်မောင်၏ လူမှုကွန်ရက်စာမျက် နှာကို လေ့လာရာတွင်လည်း ၎င်းသည် NLD ဆန့်ကျင်ရေး၊ စစ်တပ်က နိုင်ငံ၏ ကယ်တင်ရှင်ဖြစ်သည်ဆိုသော ပို့စ်များစွာကို တင်ထားသည်ကို တွေ့ရှိရသည်။

စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် “ငါတို့ဦးညွတ်တဲ့ အလံက ခြင်္သေ့လည်းမဟုတ်ဘူး။ ခွပ်ဒေါင်းလည်း မဟုတ်ဘူး။ အကုန်ပယ်တယ်။ အားလုံးရဲ့ ဦးခေါင်းထက်က အလံက ဝါစိမ်းနီ အလယ်မှာ ကြယ်နဲ့” ဟု တင်ထားသည်ကိုတွေ့ရသည်။

ထို့ပြင် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ တွင် “ဝန်ကြီးချုပ် ဖြိုးမင်းသိန်းပုံနှင့် ဖော်တော့ ×ီးဖြစ်လား” ဆိုသော ဓာတ်ပုံကိုလည်းကောင်း သူ၏ လူမှုကွန်ရက်အကောင့်တွင် တင်ထားသည်ကို တွေ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article