27 C
Yangon

ညောင်တုန်းရဲစခန်းမှ ရဲတပ်သား ကိုဖြိုး KTV မှ မူးရူး အပြန် ဆိုင်ကယ်မှောက် သေဆုံး၊ သေဆုံးသူသည် ညောင်တုန်းကြံဖွတ်အမတ်ဟောင်း အောင်မြသန်းနှင့် သမက် တော်စပ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်မှ ကြံ့ဖွတ်ပါတီ ပြည်သူ့ကိုယ်စားလှယ်ဟောင်း အောင်မြသန်း၏ သမက်ဖြစ်သူ ရဲတပ်သား ကိုဖြိုးသည် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်အစောပိုင်း KTV မှ အပြန် မူးရူး ဆိုင်ကယ်မှောက်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ရဲတပ်သား ကိုဖြိုးသည် မကြာသေးမီကမှ ရဲတပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်သူဖြစ်ပြီး ညောင်တုန်းရဲစခန်းမှ ဖြစ်ကြောင်း၊ စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်းတွင် စစ်တပ်နှင့်လုပ်ငန်းရှင်တချို့ပူးပေါင်းဖွင့်လှစ်ထားသော KTV တွင် သောက်စားမူးယစ်ပြီး အပြန်တွင် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်အစောပိုင်းတွင် ဆိုင်ကယ်မှောက်၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဧရာဝတီတိုင်းညောင်တုန်းမြို့နယ် ရဲခွေးတစ်ကောင် ကျည်မကုန်ဘဲ ကားတိုက်သေတယ်။ ကဇန်းလမ်းဆုံမှာ။ စရဖက ဖွင့်ထားတဲ့KTVက အပြန်မူးနေတာ ။ ဘယ်အချိန်တိုက်ပြီး သေနေလဲမသိဘူး။ စက်တင်ဘာလ ၁၀ ရက်နေ့ မနက် ၄ နာရီမှ အလောင်းတွေ့တာ။ ၂၀၁၁-၂၀၁၅ ကြံ့ဖွတ်အမတ် ဦးအောင်မြသန်းသမက်။ သူ့နာမည်က ကိုဖြိုး။ ရိုးရိုးရဲတပ်သားပဲ။ အာဏာသိမ်းပြီးမှ ရဲဝင်လုပ်နေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလောင်းကို သယ်ယူပေးခဲ့သည့် မေတ္တာရှင်ပရဟိတအသင်းကမှ အဖွဲ့ဝင်တစ်ဦးကလည်း စက် တင်ဘာလ ၁၀ ရက်နေ့ နံနက် ဆိုင်ကယ် တိမ်းမှောက်၍ သေဆုံးသူသည် ကြံ့ဖွတ်အမတ် ဦးအောင်မြသန်း၏ သမက်ဖြစ်သည်ဟု သိရှိရပြီး ရဲတပ်သား ဟုတ်၊ မဟုတ်ကိုမူ မသိရှိရကြောင်း၊ အကူအညီတောင်းသည့်အတွက် အလောင်းကို ညောင်တုန်းဆေးရုံပို့ဆောင်ပေးခဲ့ကြောင်း၊ အခြားကိစ္စရပ်များ မသိရှိကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article