27 C
Yangon

ပခုက္ကူ ထောင်မှ နိုင်ငံရေးအကျဥ်းသား ၅ ဦးကို PDF တပ်ဖွဲ့က ကယ်ထုတ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

မကွေးတိုင်း ပခုက္ကူခရိုင်အကျဥ်းထောင်မှ ထွက်ပြေး လွတ်မြောက်လာသော နိုင်ငံရေးအကျဥ်းသား ၅ ဦးကိုဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဘေးကင်းရာသို့ ကယ်ထုတ်နိုင်ခဲ့ကြောင်း Young Force (UG)တပ်ဖွဲ့ထံမှ သိရသည်။

ပခုက္ကူခရိုင် အကျဥ်းထောင်မှ လွတ်မြောက်လာသူများမှာ တော်လှန်ရေး ရဲဘော် ၂ ဦးနှင့် နိုင်ငံရေး ပုဒ်မများဖြင့်မတရား ဖမ်းဆီး ခံထားရသူ ၃ ဦးတို့ဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ဘေးကင်းရာသို့ ပို့ဆောင် ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ နိုင်ငံရေး အကျဥ်းသား ၅ ဦးသည် ၎င်းတို့အစီအစဉ်ဖြင့် ထွက်ပြေး လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)နှင့်အတူဒေသခံ LPDF များဖြစ်သည့်ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PPDF၊ Young Force (UG)တပ်ဖွဲ့၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့( ၂)၊ Pakokku Ranger ၊ RSO(PKU)အဖွဲ့နှင့် သက်ဆိုင်ရာနယ်မြေခံအဖွဲ့များပူးပေါင်း၍ ကယ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article