34 C
Yangon

မင်းအောင်လှိုင်က EMPS ကျောင်းထူထောင်၍ မြေး ၄ ဦးကို ကျောင်းတက်စေသည့် သတင်းပေါက်ကြားမှုကြောင့် လုံခြုံရေး တင်းကျပ်

Must read

တစ်နေ့လျှင် နှစ်ကြိမ် ကျောင်းတွင် မိုင်းရှာပြီး ကျောင်းဆရာမနှင့်ဝန်ထမ်း များ အနေကျပ်၍ အလုပ်ထွက်လိုကြသော်လည်း အလွယ်တကူ ထွက်မရ

ရန်ကုန်၊ စက်တင်ဘာ ၁၀

အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ၏ မြေးမများကို အစိုးရကျောင်း ပညာရေးစနစ်တွင် မထားဘဲ မိသားစုပိုင် ကိုယ်ပိုင် EMPS (Excellent Myanmar Private School) တွင် ထူထောင်၍ ပညာသင်ကြားစေသည့် သတင်းများကို ရန်ကုန်ခေတ်သစ်က ဖော်ပြပြီးနောက် ကျောင်း၏ လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရှိရသည်။

“အရင်ထက် ပိုလုံခြုံရေးတင်းကျပ်တယ်။ အရင်ထက်ပို သတိထားကြတယ်။ အင်အားထပ်များလာတယ်ပြောရမလားပဲ။ အရပ်ဝတ်တွေပိုများလာ တွေ့ရတယ်။ နောက်ပြီး မင်းအောင်လှိုင်မြေးတွေ ကျောင်းမလာခင် နံနက်ပိုင်း တစ်ကြိမ်၊ ကျောင်းဆင်းပြီးသွားရင် ညနေပိုင်း တစ်ကြိမ် မိုင်းရှာတယ်။ အကုန် ထွက်ပေးရတယ်။ အဲဒီအချိန်ကို။ ဆရာ၊ ဆရာမ၊ ကျောင်းဝန်ထမ်းတွေလည်း အတော်ကို အနေရခက်နေကြတယ်။ တချို့လည်း အလုပ်ထွက်ချင်တာ။ သူတို့ကြောက်လို့ ထွက်မရဘူး။ သူတို့ကလည်း အလွယ်တကူပေးမထွက်ဘူး ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

မင်းအောင်လှိုင်၏သား အောင်ပြည့်စုံသမီးအကြီး ချစ်ပိုး(ခေါ်) ခင်ငြိမ်းချမ်းပြည့်စုံလှိုင်သည် EMPS-10 Y3 တွင်လည်းကောင်း၊ ခင်ဘုန်းမြတ်ပြည့်စုံလှိုင်(ခေါ်) ရွှေပိုးသည် EMPS-10 KGA တွင်လည်း ကောင်း၊ မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန် သမီး အိပိုး (ခေါ်) ဧကရီသက်မွန်လှိုင်သည် EMPS-10 Y5 ၊ မေပိုး(​ခေါ်) မေဘရဏီသက်မွန်လှိုင် သည် EMPS-10 Y1 တွင် ပညာသင်ကြားလျက်ရှိသည်။

EMPS ကျောင်းကို မင်းအောင်လှိုင်နှင့် အောင်ပြည့်စုံ တို့၏ မိသားစု စီးပွားရေး တာဝန်ခံ မောင်မောင်နိုင်၏ ညီအရင်းဖြစ်သူ မောင်မောင်လတ်(Lucky Man ဘက်ထရီနှင့်တာယာလုပ်ငန်း ဒါရိုက်တာ) နှင့်ဇနီးဖြစ်သူ ဒေါ်ချောစုလှိုင်က တာဝန်ခံ ဖွင့်လှစ်ထားသော ကျောင်းဖြစ်ကြောင်း၊ မင်းအောင်လှိုင်၏ မြေးများအပြင် ၀ဏ္ဏမောင်လွင်၏ မြေးများ၊ အခြားစစ်ဗိုလ်ချုပ်များ၏ သားသမီးနှင့်မြေးများ၊ ငွေ ကြေး ချမ်းသာသူဌေးမိသားစုများ မြေးများ ကျောင်းထားကြသည်ဟု သိရှိရသည်။

မင်းအောင်လှိုင် မိသားစုပိုင် EMPS ကျောင်း သည် ၂၀၁၃ ခုနှစ် တွင်စတင်တည်ထောင်ခဲ့ပြီး ပဒုမ္မာကျောင်းသည် မူလ ပင်မကျောင်းဖြစ်ကြောင်း၊ ယင်းနောက် ၂၀၁၅ ခုနစ်တွင် ရတနာကျောင်းခွဲ ၊၂၀၁၇ ခုနှစ်မေလ တွင် အင်းယားမြိုင်(EMPS-10) ကျောင်းခွဲများကို ဖွင့်လှစ်ခဲ့ကြောင်း ၊ ထို့ပြင် အင်းယားမြိုင် ရွှေ တောင်ကြား ၂ ရပ်ကွက်တွင် Universal Academy Myanmar (UAM-48) ၊ စော်ဘွားကြီးကုန်း မီးပွိုင့်နားတွင် မင်းဓမ္မကျောင်း၊ မန္တလေးက Grand Mandalar School များကိုလည်း တိုးချဲ့ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article