37 C
Yangon

မတ္တရာ တိုက်ပွဲတွင် စစ်တပ်၏ လက်နက်ကြီးကျည် ပြန်ထိ၍ သေဆုံးမှု အပါအဝင် စစ်သား ၁၃ ဦးသေဆုံး၊ တကောင်း နှင့် ဝမ်းတွင်းတို့တွင် စစ်ကားများ မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး၊ မင်းကင်း မြန်မာ့စီးပွားရေးဘဏ် ဗုံးခွဲခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် စစ်ကောင်စီတပ်သားများကို ပြန်လည် ထိမှန်၍ သေဆုံးမှု အပါအဝင် စစ်သား ၁၃ ဦးသေဆုံးကြောင်း၊ စစ်သား ၁၅ ဦးဒဏ်ရာရရှိကြောင်း PDF မဟာမိတ်တပ်များက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန် မတ္တရာမြို့နယ် ရှင်လှ ၊ အေးကျွန်း ၊ ရေလည်ကျွန်း ရွာများမှ စစ်ကောင်စီတပ်များနှင့် PDF မဟာမိတ်တပ်များ စတင်တိုက်ပွဲ ဖြစ်ပွားကြောင်း ၊ နာရီဝက်အကြာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် PDF တပ်ရင်း ၁၅ ( Tiger King)က အဝေးပစ် လက်နက်ကြီးဖြင့် ၁၂ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နာရီဝက်အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ဘက်တော်သား သူရဲကောင်းများ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ၂ လုံးသည် စစ်တပ်အနားတွင် ပြန်ကျ၍ အထိအခိုက်အများအပြားရှိခဲ့ကြောင်း၊ PDF တပ်များ၏ ပူးပေါင်းတိုက် ခိုက်မှုကြောင့် သေဆုံးမှု စုစုပေါင်း ၁၃ ဦး သေဆုံးကြောင်း၊ စစ်သား ၁၅ ဦး ဒဏ်ရာ ရကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ ( Tiger King) နှင့်အတူ ကောင်း ကင် တော်လှန်ရေးအင်အားစု မတ္တရာ၊ ရွှေဘို ခရိုင် တပ်ရင်း ၁၇ ( ဒေါင်းစစ် သည် )၊ ရွှေဘိုခရိုင် တပ်ရင်း ၁၈၊ ဧရာဝတီညီအကို မတ္တရာအဖွဲ့ ၊ GZ Special Task Force၊ ဒေါင်းနီ အဖွဲ့၊ စစ်က်ိုင်းတပ်ရင်း (၂) တပ်ခွဲ ( ၁ ) ၊ ရွှေဘိုခရိုင် တပ်ရင်း ၂၊ G Fatt အဖွဲ့ နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့မှ ထွက်ခွာလာသော စစ်ကားအသေး ၂ စီးကို မြို့အထွက် ဆင်ညှပ်ကုန်းရွာဝင်ပေါက်အနီးတွင် ပဒေသာမိုင်း ၆ လုံးဖြင့် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးမှ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ပေါ်ရှိ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ နံနက် ၅ နာရီ အချိန် ဗုံးများပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မနက်အစောကြီး ပေါက်ကွဲအသံကြားလိုက်ရတယ်။ စုံစမ်းကြည့်တော့ မြန်မာစီးပွားရေးဘဏ်မှာပေါက်ကွဲတာလို့သိရတယ်ဗျ။ ပျက်စီးတာကတော့ ရုံးအဆောက် အဦးတွေ အတွင်းပစ္စည်းအချို့ပျက်စီးနေတာတော့မြင်ခဲ့ရတယ်။လူအထိခိုက်လည်းမရှိဘူး” ဟု မင်းကင်းဒေသခံတစ်ဦးက ပြောသည်။

PDF မင်းကင်းတပ်ရင်း၂က မြန်မာ့စီးပွားရေးဘဏ်ကို ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ တဲစုကျေးရွာမှ စစ်ကောင်စီဘက်တော်သား ပျူစောထီး မင်းဌေး ကို ယနေ့ နံနက် ၉ နာရီတွင် WTRF က သုတ်သင်ရှင်းလင်းခဲ့ကြောင်း၊ ယင်းနောက် နံနက် ၉ နာရီအချိန် နတ်နန်းကျေးရွာအနီးတွင် ပျူစောထီးမင်းဌေး အလောင်းလာကောက်သည့် စစ်ကားကို WTRF က ထပ်မံ မိုင်းဆွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း WTRF က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် မိုင်းထိမှန်ခဲ့သော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article