34 C
Yangon

မြင်းမူတွင် ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၁၅ ဦးသေဆုံး၊ ရွှေဘိုတွင် စစ်ကား ၃ စီးမိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင် စီတပ်၏ စစ်ကြောင်းကို ယနေ့ မဟာမိတ် PDF တပ်ပေါင်းစုက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ စစ်သား ၁၅ ဦးသေဆုံးကြောင်း PDF တပ်ပေါင်းစုထံမှ သိရှိရသည်။

အင်အား၃၀ကျော်ပါသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို အလ္လကပ္ပရွာ ၊ ဂွေးပင်တောနှင့်ရေပိုးစား ကျေးရွာ အကြားတွင် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ပြီး စစ်သား ၁၅ ဦးထက်မနည်း အတုံးအရုန်းလဲကျသေဆုံးသွားကြောင်း သိရှိရသည်။

“တိုက်တာကတော့ တစ်ဖက်ပွင့် မိုင်း၆လုံးနဲ့ဆွဲတိုက်ခိုက်ခဲ့တာ ။ စစ်ခွေးတွေကတော့ နေရာတင်၁၅ ဦးလောက် နေရာ တင် အတုန်းအရုန်းပဲ ။ ဒဏ်ရာရသူတွေလည်း များနိုင်တယ်။ သူတို့အင်အားက ၃၀ကျော် လေး ရယ်ာ။ လက်နက်ချင်း မမျှလို့သာ ၊ လက်နက်သာ တူခဲ့မယ်ဆိုရင် အဲဒီစစ်ခွေးတွေ အကုန် အဲဒီနေရာတင် ပွဲသိမ်းပဲ” ဟု မြင်းမူ Black Eagle defense force – MMU အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မဟာမိတ် PDF ပြည်သူကာကွယ်ရေးအဖွဲ့များအနေဖြင့် နယ်မြေကျွမ်းကျင်မှုကို အသုံးချ တိုက်ခိုက်ခြင်းဖြစ်သည့် အတွက် အထိအခိုက်မရှိကြောင်း ၊ မဟာ မိတ်တပ်ပေါင်းစုတွင် မြင်းမူ Black Eagle defense force – MMU အဖွဲ့က ဦးဆောင်ပြီး စစ်ကိုင်းခရိုင်တပ်ရင်း ၆ တပ်ခွဲ၂ ၊ People’s Defense Force Myinmu – MMU PDF ၊ Myinmu Civil Revolution Force – CRF Myinmu ၊ ၊ Myinmu Lightning Guerrilla Force(မြင်းမူလျှပ်စီး ပြောက် ကျားအဖွဲ့) နှင့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းတွင် စက်တင်ဘာလ ၉ ရက်နေ့ ကျောက်မြောင်းမှ ရွှေဘိုသို့ မောင်းနှင်လာသော စစ်ယာဉ်တန်းကို အုံးပေါက်ရွာအနောက်ဘက်တွင် ကြိုတင်သတင်းရရှိ၍ စောင့်ဆိုင်းပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခြင်း၊ မိုင်း၁၃လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ကား ၃ စီး အထိနာ၍ ပြန်လည် ပစ်ခတ်ချိန်မရဘဲ ရွှေဘိုဘက်သို့ ဆက်လက်မောင်းနှင်သွားကြောင်း၊ စစ်တပ်အတွက် စစ်ကူများရောက်ရှိလာ၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ တိုက်ပွဲကို Burma Rangers (ShweBo)နှင့် မဟာမိတ်တပ်များစုပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း Burma Rangers ( ShweBo) – သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်အေဒီက ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်များ၏ စစ်သင်တန်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article