29 C
Yangon

မြဝတီ၊ သုံးထပ်ကွေ့တွင် စစ်ကြေင်းထိုးနေသော တပ်မ ၄၄၊ ခလရ ၈ မှ တပ်သား ၂ ဦး KNU ထံ ခိုလှုံ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

ကရင်အမျိုးသားအစည်းအရုံး၊ KNU တပ်မဟာ ၆ အုပ်ချုပ်နယ်မြေအတွင်းရှိ မြဝတီမြို့နယ်၊ သုံးထပ်ကွေ့အနီး ထိုးစစ်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၄၄၊ ခလရ ၈ မှ တပ်သား ၂ ဦး စက်တင်ဘာလ ၉ ရက် ယမန်နေ့တွင် KNU ထံ ထပ်မံခိုလှုံလာကြောင်း သတင်းရရှိသည်။

တပ်မ ၄၄ လက်အောက်ခံ ဘီးလင်းအခြေစိုက် ခလရ ၈၊ တပ်ခွဲ ၁ မှ တပ်သားစိုးအောင်နှင့် တပ်သားဇော်ထွန်းတို့ ၂ ဦးသည် မြဝတီ-ဝေါလေကားလမ်းတွင် ထိုးစစ်ဆင်နေစဉ် ရှေ့တန်းစစ်မြေပြင်ကို စွန့်ခွာကာ KNU ထံ ခိုလှုံပူးပေါင်းလာခြင်းဖြစ်သည်ဟု သိရှိရသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးကို လွတ်မြောက်နယ်မြေရှိ ပြည်သူ့ရင်ခွင်ခိုလှုံရေးကော်မတီထံ ဆက်သွယ်ပို့ဆောင်ထားကြောင်း ကရင်သတင်းရင်းမြစ်များက ဆိုသည်။

တပ်မ ၁၁၊ ၂၂၊ ၄၄ လက်အောက်ခံ တပ်ရင်းများအပါအဝင် လက်ပါးစေ BGF တပ်ရင်းများပါ အသုံးပြုလျှက်ရှိပြီး စုစုပေါင်း တပ်ရင်း ၁၇ ရင်းဖြင့် မြဝတီ-ဝေါလေကားလမ်းပိုင်းကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ နယ်မြေစိုးမိုးမှု မရှိသေးဘဲ စစ်သားအများအပြား သေဆုံးခြင်း၊ KNLA တပ်ဖွဲ့များ၏ ဖမ်းဆီးခံရခြင်း၊ စစ်အာဏာရှင်ကို စွန့်ခွာကာ စစ်သားများ ထွက်ပြေးခြင်းများ ဖြစ်ပေါ်လျှက်ရှိသည်။

အဆိုပါ လမ်းပိုင်းကို စိုးမိုးနိုင်ရန် အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၃ လဝန်းကျင် ကြာမြင့်နေပြီ ဖြစ်သည်။

ယမန်နေ့တွင် အကြမ်းဖက်စစ်တပ် တပ်မ ၄၄ လက်အောက်ခံ၊ ခမရ ၁၀၂ မှ ဗိုလ်ကြီးရဲရင့်မောင် အပါအဝင် ၆ ဦးကို လက်နက်ခဲယမ်း၊ ရိက္ခာများနှင့်တကွ KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းက ဖမ်းဆီးရမိခဲ့သေးသည်။

ဓါတ်ပုံ – CDM ပြုလုပ်လာသည့် တပ်မ ၄၄၊ ခလရ ၈ မှ တပ်သား စိုးအောင်နှင့် ဇော်ထွန်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article