26 C
Yangon

မြ၀တီ-ဝေါ်လေ လမ်းပေါ်တွင် လက်နက်၊ ရိက္ခာ လာကူသည် စစ်တပ်မှ ဗိုလ်ကြီး ရဲရင့်မောင်နှင့် အဖွဲ့ဝင် ၆ ဦးကို ဖမ်းဆီးရမိ၊ လက်နက် ၅ လက်နှင့်လက်နက်ကြီးကျည် ၄၀၀ အပါအဝင် ခဲယမ်းရိက္ခာများ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီ-ဝေါလေကားလမ်းတွင် လက်နက်နှင့် ရိက္ခာလာပို့သည့် အကြမ်းဖက်စစ်တပ်၏ ခမရ ၁၀၂ မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသည့် စစ်သား ၆ ဦးပါ အဖွဲ့ကို စက်တင်ဘာလ ၉ ရက်နေ့ ယနေ့နံနက် ၁၀ နာရီခွဲခန့်အချိန် KNLA ပူးပေါင်းအဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

တပ်မ ၂၂ လက်အောက်ခံ ခမရ ၁၀၂ မှ ဗိုလ်ကြီးရဲရင့်မောင် ဦးစီးသည့်အဖွဲ့သည် ရှေ့တန်းသို့ ရိက္ခာလာပို့စဉ် KNLA တပ်ရင်း ၂၇ နှင့် Cobra စစ်ကြောင်းတို့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ထံမှ ပစ္စတိုသေနတ် ၁ လက်၊ MA-3 သေနတ် ၂ လက်၊ MA-1 သေနတ် ၁ လက်၊ MA-4 သေနတ် ၁ လက်၊ MA-5 သေနတ် ၁ လက်၊ ကျည်ကတ် ၁၇ ခု၊ ကျည်ကတ်အဝိုင်း ၁ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ BSA1 မှန်ပြောင်း ၁ ခု၊ 5.56 ကျည် ၆၀၀ တောင့်၊ ၄၀ မမ ဗုံးသီး ၂၀၀ လုံး၊ ၆၀ မမ ဗုံးသီး ၂၀၀ လုံး၊ ရိက္ခာခြောက် ခေါက်ဆွဲခြောက် ၁၂ အိတ်တို့ကိုပါ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ – KNLA ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည့် ခမရ ၁၀၂ မှ ဗိုလ်ကြီးရဲရင့်မောင်အပါအဝင် စစ်သား ၆ ဦးနှင့် လက်နက်ခဲယမ်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article