31 C
Yangon

ရန်ကုန်၊ မြောက်ဥက္ကလာ ဝေဘာဂီမြို့သစ် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဘားအံတွင်လည်း စစ်တပ် တပ်စွဲနေရာကို မိုင်းခွဲမှု စစ်ကားတစ်စီးပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရန်ကုန်၊ မြောက်ဥက္ကလာ ဝေဘာဂီမြို့သစ် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း MUPDFအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆို သည်။

စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီအချိန် မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ် ဝေဟင်လမ်းပေါ်ရှိ အုပ်ချုပ်ရေးမှူးရုံးကို MUPDFအဖွဲ့က လက်ပစ်မိုင်းဖြင့် သတိ​ပေးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဒေါက်တိုင်များဖြစ်ကြသည့် အုပ်ချုပ်ရေးမှူးအပါအဝင်အဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများ လုံးဝမပြုလုပ်ကြရန်နှင့် အမြန်ဆုံးနုတ်ထွက်ကြရန် နောက်ဆုံးအနေဖြင့်သတိပေးခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

စစ်ကောင်စီလက်အောက်မှ နုတ်ထွက်ခြင်းမရှိပါက ယခုထပ်ကြီးမားပြင်းထန်သော စစ်ရေးအသွင်ဖြင့် ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်း ပြင်းထန်စွာသတိပေးကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်စစ်ကောင်စီ၏ လက် ကိုင်တုတ်များဖြစ်ကြသော အုပ်ချူပ်ရေးမှူးများအပါအဝင်အဖွဲ့ဝင်များ နှင့် လုံးဝလုံးဝ ပတ်သက်ဆက်နွယ်ခြင်းမပြုကြရန်အထူးပန်ကြားကြောင်း၊ အချို့သော missionများတွင် ပြည်သူကိုထိမည်စိုး၍ လျှော့ပေါ့လုပ်ရခြင်းများရှိနေသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး၏ ကိုယ်စား MUPDFက မေတ္တာရပ်ခံအပ်ကြောင်း ပြောဆိုသည်။

အလားတူ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စစ်ကောင်စီတပ်စွဲနေရာကို စက်တင် ဘာလ ၁၁ရက်နေ့ နံနက် ၇ နာရီတွင် HPAAN GUERILLA FORCE က မိုင်းခွဲတိုက်ခိုက်ကြောင်း အဆိုပါအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

HPA-AN GUERILLA FORCE က စက်တင်ဘာလ ၁၁ရက်နေ့ နံနက် ၇နာရီ အချိန် ဘားအံမြို့၊ တော်ဝင်သုခဆေးရုံအနီး၌တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်များကို သတိပေးဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြော င်း၊ ၎င်းဖောက်ခွဲမှုကြောင့် ရခများ၏ FAWအမျိုးစား ကားတစီပျက်စီးဆုံရှုံးခဲ့ပြီး စခ/ရခများ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန် သမိုင်းလမ်းဆုံတွင် လုံခြုံရေးကင်းကျနေသည့် စစ်ကောင်စီတပ်သားတချို့။ (ပုံအဟောင်းဖြစ်သည်)

Photo- အီးပီအေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article