32.1 C
Yangon

လွိုင်ကော်-မော်ချီးလမ်းကို တစ်ပတ် ၃ ရက်သာ ဖွင့်မည်ဖြစ်ပြီး စည်းကမ်းချက် ၇ ချက်ကို ကရင်နီပြည်အစိုးရ ထုတ်ပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

ကရင်နီပြည်နယ်၊ လွိုင်ကော်နှင့် မော်ချီးဆက်သွယ်ထားသော ကားလမ်းမကြီးကို တစ်ပတ်လျှင် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ၃ ရက်သာ လမ်းဖွင့်မည်ဖြစ်ပြီး ပြည်သူများ လိုက်နာရမည့် စည်းကမ်းချက် ၇ ချက်ကို ကရင်နီပြည်အစိုးရ၊ ပြည်ထဲ ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်လိုက်သည်။

စက်တင်ဘာလ ၈ ရက်နေ့တွင် ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၉ နှင့် တပ်ရင်း ၁၀ တို့က အစည်းအဝေးပြုလုပ်ပြီး လမ်းမကြီး၏ လုံခြုံရေးတာဝန်ယူထားသော ဂိတ် ၃ ခုက လုပ်ဆောင်ရမည့်စည်းကမ်းတာ ဝန် ၇ ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုလမ်းမကြီးကို တစ်ပတ်လျှင် ၃ ရက်သာ လမ်းဖွင့်ပေးသွားမည်ဖြစ်ပြီး၊ ရှောင် တခင် စစ်ဆေးမှုများပြုလုပ်ပြီး ကန့်သတ်ထားသော ကုန်ပစ္စည်းများ သယ် ဆောင် လာသော ကားများကို သိမ်းဆည်းရန်၊ ဘိလပ်မြေသယ်ဆောင်လာသော ကားများကို အမှတ် (၂) ခရိုင် ထောက်ခံစာ ပါမှသာလျှင် ဖြန်သန်းသွား လာခွင့်ပြုမည်ဟု ဆိုသည်။

ယင်းအပြင် ရှောင်တခင်စစ်ဆေးမှုများ ကို တစ်လလျှင် ၂ ကြိမ်ပြုလုပ်ရန်၊ ပြည် ပ (နိုင်ငံခြားသား) ခရီးသည်များ လုံးဝ (လုံးဝ) ဖြတ်သန်းခွင့်နှင့် သယ် ဆောင်ခွင့် မပြုရန်၊ သံတိုသံစများ သယ်ဆောင်ခွင့်မပြုရန်နှင့် ဆိုင်ကယ်ဖြင့် သွားလာသော ကုန်စိမ်းဈေးသည်များ၊ ဟင်းသည်များကို သွားလာခွင့်မပြုရန် ကရင်နီပြည်အစိုးရက KNDF ဂိတ်စခန်းများ လုပ်ဆောင်ရမည့် တာဝန်ပေးအပ်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article