33 C
Yangon

အကြိမ်ကြိမ်ကန့်ကွက်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းသို့ ကျည်များ ထပ်မံ မကျရောက်ရန်နှင့် ပစ်ခတ်မှုများ မလုပ်ရန် မြန်မာစစ်ကောင်စီကို ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး သတိပေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းသို့ ကျည်များ မရောက်ရန်နှင့် ပစ် ခတ်မှုများ မလုပ်ရန် မြန်မာစစ်ကောင်စီကို ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က သတိပေးပြောဆိုသည်။

“တချို့ကျည်တွေက မြန်မာနယ်စပ်ကိုဖြတ်ပြီး ကျနော်တို့ပိုင်နက်ထဲ ရောက် လာတယ်။ ဒီကိစ္စကို ကန့်ကွက်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ကန့်ကွက်ထားပါတယ်။ ဒီလိုဖြစ် ရပ်မျိုးတွေ ထပ်မဖြစ်ရအောင် မြန်မာနိုင်ငံအနေနဲ့ ရှောင်ရှားနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု မြို့တော် Shahbagh တွင် စက်တင် ဘာ လ ၁၀ ရက်နေ့ သတင်းထောက်များကို ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက ပြောဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် တိုက်ပွဲများဖြစ် ပွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုက်နက်အတွင်းသို့ ကျည်များ၊ လက်နက်ကြီးကျည်များ ဆက်တိုက် ကျရောက်ခဲ့ရောင်း၊ နယ်စပ်နေ ပြည်သူများ ကြောက်ရွံ့နေရကြောင်း၊ အစောပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ဒါကာသို့ သုံးကြိမ်တိုင်တိုင် ဆင့်ခေါ်ခဲ့ကန့်ကွက်ခဲ့သည်။

AA က မြန်မာစစ်ကောင်စီ၏ နယ်ခြားစောင့်စခန်းများကို သိမ်းယူပြီးနောက် မြန်မာ အကြမ်းဖက်စစ်ကောင်စီက လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ဆက်တိုက်ဆိုသလို ပစ်ခတ်တိုက်နေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ လေ ကြောင်းက ပစ်ခတ်သော ဒုံးကျည်နှစ်စင်းထက်မနည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ကျရောက်ခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင် ဘာ ၄ ရက်က တတိယအကြိမ်မြောက် ဆင့်ခေါ်ကန့်ကွက်ခဲ့ကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေပါတယ်။ ကျနော်တို့ နယ်စပ်ကို ပိတ်ပင်ထားပါတယ်။ မြန်မာဘက်က ရန်စကျူးကျော်မှုတွေ ရှိနေပမယ့် နယ် စပ် ကတဆင့် ဘင်္ဂလားဒေ့ရှ်ကို ဘယ်သူကိုမှ ဝင်ခွင့်မပြုပါဘူး” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AK Abdul Momenက ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်စစ်တပ်အနေဖြင့်လည်း လုံခြုံရေး အဆင်သင့်ဖြစ်မှု မြှင့်တင်ထားပြီး မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်နိုင်ခြင်း မရှိစေရန် လုပ်ဆောင်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ကို အခမ်းအနားတစ်ခုတွင်တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article