36 C
Yangon

ကန့်ဘလူ ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ် ဝါသ၀ လိုက်ပါသော ကားကို မိုင်းဆွဲတိုက်ခိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ရွာမှ ပျူစောထီးခေါင်းဆောင် သ င်္ကန်း ဝတ် ဝါသ၀ လိုက်ပါသော ကားကို ယနေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တန့်ဆည် PDF ရွှေဘိုင်ခရိုင်တပ်ရင်း ၁၆ TRF မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် ကန့်ဘလူမြို့နယ် မှော်တော်ရွာကျောင်းထိုင်ဘုန်းကြီး၊ ပျူစောထီးခေါင်းဆောင် ဝါသဝ လိုက်ပါလာသောကားကို မှော်တော်ရွာနှင့် တောက်ကရှပ်ရွာအကြားရှိ လယ်ကျင်းလျှိုတွင် တန့်ဆည်PDF ရွှေဘိုခရိုင်တပ်ရင်း(၁၆) TRFက အဝေးထိန်းခလုတ်ဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ကားရှေ့ခန်း ထိခိုက်ပျက်စီးသွားပြီး ကားစက်နှိုးမရသဖြင့် အခြားကားအကူဖြင့် လာရောက်ဆွဲယူသွားကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် သင်္ကန်းဝတ် ဝါသ၀မှာမူ ထိခိုက်မရှိကြောင်း ၊ ကားပျက်စီးမှု ရှိသော်လည်း အခြားလူများလည်း ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ပံ့ပိုးထောက်ခံမှု အပြည့်ရရှိထားသော မဘသ သင်္ကန်းဝတ် ဝါသ၀သည် ကန့်ဘလူမြို့နယ် မှော်တော်ရွာ ကျောင်းထိုင် ဘုန်းကြီးဖြစ်ပြီး အမျိုးသားရေး တက်ကြွ လှုပ်ရှားသူဖြစ်ကြောင်း၊ ငါးရာငါးဆယ်ဆရာတော် အမည်ခံကာ မှော်တောကျေးရွာ လက်နက်ကိုင်ပျူစောထီးများ မွေးထုတ်နေကြောင်း၊ ရွာစဉ်လိုက်၍ လက်နက်များ တပ်ဆင်ပေးပြီး ပျူစောထီး သင်တန်းများ ပို့ချနေသူလည်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပျူစောထီးများကို ဩဝါဒပေးနေသည့် သင်္ကန်းဝတ် ဝါသ၀နှင့် ၎င်း၏ ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့သော မိုင်းအမျိုးအစား

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article