33 C
Yangon

စစ်တပ်နှင့်ရဲ စွန့်ခွာသွားသော ပေါက်မြို့နယ်၊ သရက် ကန်ရွာ ရဲစခန်း ကို ဘူဒိုဇာဖြင့်ထိုးချ အပြီးတိုင်ဖျက်သိမ်း မြေညှိရှင်းလင်း

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

မကွေးတိုင်း ပေါက်မြို့နယ် သရက်ကန်ရွာ ရဲစခန်းကို စစ်ကောင်စီတပ်ဖွဲ့များက စက်တင်ဘာလ ၂၈ ရက်နေ့ မီးရှို့ပြီး စွန့်ခွာထွက်ပြေးသွားပြီးနောက် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်​နေ့နှင့် ယ​နေ့တွင် အပြီးတိုင် ဖျက် သိမ်း မြှေညိရှင်းလိုက်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သရက်ကန်ရွာကို စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာအတွင်းရှိ သမဝါယမ ဂိုဒေါင်အပါအဝင် ပြည်သူပိုင်နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီး ပြီးနောက် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် သရက်ကန်‌ ရဲစခန်းကို ရဲနှင့် စစ်သားများ မီးပြန်ရှို့ ဖျက်ဆီးပြီး စခန်း စွန့်ခွာသွားခြင်းဖြစ်သည်။

“ပေါက်က ရဲစခန်းကို မြှေညိပြီး ဖျက်ဆီးရှင်းလိုက်ပါတယ်။ ပစ္စည်းတွေ သိမ်းခဲ့တယ်။ နောက်တစ်ခါ လာမထိုင်အောင် တစ်ခါတည်းဖျက်လိုက်တာပါ။ သူတို့ အင်အားမဖြည့်နိုင်တော့ လစ်တော့တာ” ဟု မြိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article