28 C
Yangon

မင်္ဂလာဒုံ လေတပ်ဂိတ်နှင့် အမှတ် ၉၈၁ စစ်တပ်ဂိတ်ကို ဗုံးခွဲတိုက်ခိုက်၊ စစ်သားတချို့ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ လေတပ်ဂိတ်နှင့် အမှတ် ၉၈၁ ဂိတ်ကို ယနေ့ညပိုင်းတွင် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး စစ်သားတချို့ထိခိုက်မှုရှိကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့များထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ည ၉ နာရီ ၅ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း၊ကုလားကျောင်းမှတ်တိုင် အနီးရှိ စစ်ကောင်စီ လေတပ်ဂိတ်ကို အဝေးထိန်းဗုံး ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း War of Hunter Revolution Force (WOH) မှ တာဝန်ခံ ဗိုလ်တွတ်ပီက ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၂၈ ရက်နေ့ ည ၉ နာရီ ၁၃ မိနစ်အချိန် Last Battle (PDF)က “မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ၊ အမှတ် (၃) လမ်းမရှိ အမှတ် (၉၈၁) စစ်ခွေးဂိတ်” ကို အဝေးထိန်းတစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်မှု တစ်စုံ တစ်ရာ သိရှိရခြင်း မရှိသေးသော်လည်း အဖွဲ့ဝင်များအနေဖြင့် ထိခိုက်မှု မရှိ၊ ဘေးကင်း လုံခြုံစွာဖြင့် ဆုတ် ခွာနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ခံ သက္ကရာဇ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“စစ်သားတွေ ထိခိုက်မှုရှိတယ်။ အတိအကျတော့ မသိရသေးပါဘူး” ဟု Last Battle (PDF) မှကို သက္ကရာဇ်က ပြောသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်အဝင် လုံခြုံရေးဂိတ်တစ်ခု။ (ပုံအဟောင်း ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article