36 C
Yangon

မိုးဗြဲတွင် တတိယမြောက်နေ့ တိုက်ပွဲ စစ်ကောင်စီဘက်မှ ၁၅ ဦး ထပ်မံသေ ဆုံး၊ ၃ ရက်အတွင်း စစ်သား ၆၀ နီးပါး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်-ကရင်နီပြည်နယ်အစပ် မိုးဗြဲတွင် စက်တင်ဘာလ ၁၀ ရက်နေ့ ဖြစ်ပွားသော တတိယနေ့ မြောက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးထပ်မံသေဆုံးပြီး စက်တင်ဘာလ ၈ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့အထိ စစ်ကောင်စီတပ်ဘက်မှ ၆၀ ဦးနီးပါးသေဆုံးကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီမှ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီဝန်းကျင်တွင် တိုက်လေယာဉ်များဖြင့် ၇ ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အသေးစားဒဏ်ရာရရှိသူ ၁၀ ဦးနှင့် စိုးရိမ်ရဒဏ်ရာရ ၃ ဦး ရှိကြောင်း၊ စက်တင်ဘာလ ၈ ရက်နေ့တွင် စစ်သား ၃၀ ဦးကျော်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်သား ၁၅ ဦးနှင့်စစက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်သား ၁၅ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၃ ရက်တာတိုက်ပွဲအတွင်း စုစုပေါင်း ၆၀ နီးပါး သေဆုံးခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article