32 C
Yangon

မြိုင်၊ ကျောက်ခွက်ရွာရှိ ပြည်သူပိုင် နေအိမ်ခြံဝန်းထဲတွင် စစ်တပ်က မိုင်းထောင်ခဲ့သောကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် မိုင်းနင်းမိပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ခွက်ရွာကို ဝင်ရောက် စီးနင်းခဲ့သော စစ်တပ်က ပြည်သူပိုင် ခြံဝန်းအတွင်း မိုင်းထောင်ထားခဲ့သောကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး မိုင်းမိကာ သေဆုံးခဲ့ကြောင်း We Love Myaing အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်​ကြောင်းသည် ကျောက်ခွက်ရွာကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ရွာအရှေ့ထိပ်တွင် မြိုင် ပကဖနှင့် မဟာမိတ် တပ်ဖွဲ့များမှ မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ပြီးနောက် အဆိုပါ စစ်ကြောင်းသည် ကျောက်ခွက်ရွာ အနောက်ပိုင်းရှိ ပြည်သူနေအိမ် ခြံဝန်းအတွင်းတွင် နင်းမိုင်းများထောင်ထား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားသောကြောင့် ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဒေသခံ ပြည်သူများ ရွာအတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး အသက် ၅ နှစ်အရွယ် မောင်စိုင်းဝေယံသည် ၎င်း နေအိမ် ခြံဝန်းအတွင်း ဆော့ကစားနေစဥ် မွန်း ၁၂ နာရီခန့်တွင် မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်တွင် သေဆုံးသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article