27 C
Yangon

မြို့ပြတော်လှန်ရေးတပ်ဦးU.R.F မှ တာဝန်ခံ ကိုညို နှင့်တွေ့ဆုံမေးမြန်းခြင်း 

Must read

“စစ်ကောင်စီဟာနောက်ပိုင်းမှာလူသားဒိုင်းလုပ်တဲ့ပုံစံကို သုံးလာကြတယ်။ပြည်သူကိုတံတိုင်းအဖြစ်နဲ့ ကာရံပြီး တော့ ဒေသခံကာကွယ်ရေးတပ်တွေ သူတို့ကိုမတိုက်ခိုက်ရဲအောင်လို့ ပြည်သူကိုချနင်းတဲ့ဗျူဟာသုံးလာတယ်။” မြို့ပြတော်လှန်ရေးတပ်ဦးU.R.F မှ တာဝန်ခံ ကိုညို နှင့်တွေ့ဆုံမေးမြန်းခြင်း အပိုင်း(၁) By ရန်ကုန်ခေတ်သစ် ပြီးခဲ့တဲ့စက်တင်ဘာ ၈ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် တင့်ကားတွေနဲ့ပါ မိုးဗြဲမြို့ကိုအင်းအားအလုံးအရင်းနဲ့ တိုက်ခိုက်နေပါတယ်။ဒါအပြင် အရပ်သားပြည်သူ တွေကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းဆီးထားကာ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေဟာလည်း ပြန်လည်ခုခံတိုက်ခိုက်နေတာကြောင့် စစ်ကောင်စီဘက်က အယောက် ၆၀ ကျော်လည်းသေဆုံးခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရ ပါတယ်။စစ်ကောင်စီက မိုးဗြဲကိုဘာကြောင့် အင်အားအလုံးအရင်းနဲ့တိုက်ခိုက်နေတာလဲဆိုတာကို သိရအောင် စစ်ကောင်စီကို ပူးပေါင်းပါဝင်တိုက်ခိုက်နေတဲ့ မြို့ပြတော်လှန်ရေးတပ်ဦးU.R.F မှ တာဝန်ခံ ကိုညိုကို ဆက်သွယ်မေးမြန်းထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article