34 C
Yangon

ရန်ကုန်တွင် “ကျေးလက်ဒေသကိုရှို့တဲ့မီး မင်းတို့စစ်စခန်းတွေလောင်မြိုက်စေ” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြ၊ UN ဘာလုပ်နေလဲဟု မေးခွန်းထုတ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

ရန်ကုန်တွင် “ကျေးလက်ဒေသကိုရှို့တဲ့မီး မင်းတို့စစ်စခန်းတွေလောင်မြိုက်စေ”ဟုသောဘန်နာဖြင့်ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ ပြုလုပ်ကြသည်။

အဆိုပါ ဆန္ဒပြပွဲကို ရန်ကုန်သူပုန်များ သပိတ်ကော်မတီ-YRSC၊Burma Youth Revolutionary Force(BYRF)၊ပုဇွန်တောင်၊ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ-PBYSC ၊တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(လသယအကသ)စသည့်တော်လှန်ရေးပျောက်ကြားသပိတ်အင်အားစုများက ပူးပေါင်း၍ဖက်ဆစ် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြကြခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာတွင် စာသင်ကြားနေသော အပြစ်မဲ့ကလေးငယ်များအား ဖက်ဆစ်စစ်တပ်က လေကြောင်းမှ လက်နက်ကြီး၊ စက်သေနတ်တို့ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့မှုအတွက် UN အနေဖြင့် ဘာလုပ်နေသလဲဟုလည်း တော်လှန်ရေးလူငယ်များက မေးခွန်းထုတ်ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article